close
Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် တိုက်ပွဲဖြစ်

ပုဇွန်းမြောင်းကျေးရွာရှိ ပြည်သူပိုင်အိုးအိမ်များထိခိုက်ပျက်စီးမှုနှင့် ထိတွေ့တိုက်ပွဲအခြေအနေများကိုမူ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)

▪️စစ်တပ်ပစ်သည့် လက်နက်ကြီးထိ၍ ပြည်သူနှစ်ဦး သေဆုံး

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၆ ရက်က ဖြူးမြို့နယ်၊ မျက်နီးကွင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား အမှတ် (၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း (၃၅၀၂)မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကောင်စီ လက် အောက်ခံ ဇရပ်ကြီးမြို့အခြေစိုက် ခလရ(၇၃)မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထန်းကုန်းရွာမှ အရပ်သားပြည်သူ နှစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး (၆)နှစ်အရွယ် ကလေးတစ်ဦးမှာလည်း ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

ထိတွေ့တိုက်ပွဲအခြေအနေအပြည့်အစုံအား သိရှိနိုင်ရန် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

တိုက်ပွဲဖြစ်ပွားခဲ့သော မျက်နီကွင်းကျေးရွာအပါအဝင် သရက်ကုန်း၊ ကံကလေး၊ နှောခင် စသည့်ကျေးရွာများသို့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၇ ရက်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည်ဟု အမှတ်(၂)စစ်ဒေသခွဲက ဖော်ပြသည်။

(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(ဖြူးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်းမြို့နယ်ရှိ ပုဇွန်မြောင်းကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဒီဇင်ဘာလ ၂၆ ရက်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံ စစ်ရေးသတင်းရင်း မြစ်များထံမှ စုံစမ်းသိရသည်။

“ဖြစ်စဥ်မှန်ပါတယ် ခင်ဗျ။ အဲဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကျနော်တို့နဲ့ ထိတွေ့တိုက် ပွဲတွေလည်း ဖြစ်နေပါတယ်ဗျ”ဟု အမှတ်(၂) စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပုဇွန်းမြောင်းကျေးရွာရှိ ပြည်သူပိုင်အိုးအိမ်များထိခိုက်ပျက်စီးမှုနှင့် ထိတွေ့တိုက်ပွဲအခြေအနေများကိုမူ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အထက်ပါ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှ ဒေသခံပြည်သူအများစုမှာ စစ်ကောင်စီတပ်များ ကျေးရွာအတွင်းမကြာ ခဏ ဝင်ရောက်တတ်သောကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရရသည်မှာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သတင်း

သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။

သတင်း

စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

စစ်ဆင်ရေးအတွင်း မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ပြင်းထန်စွာဒဏ်ရာရသူ ၃ဦး ၊ ကိုယ်အင်္ဂါ ပြတ်တောက်သူ ၂ဦးအပါအဝင် ဒဏ်ရာရသူ ၁၄ဦး ရှိခဲ့ပြီး ကျဆုံး ရဲဘော် ၇ဦး ရှိခဲ့သည်ဟု အသိပေးသည်။