close
Connect with us

Hi, what are you looking for?

သတင်း

ဂွတိုက်ပွဲ၌ သေဆုံး၊ ဒဏ်ရာရစစ်သားများကို ပုသိမ်သို့ စစ်ကောင်စီပို့

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဂွမြို့ရှိ ခမရ (၅၆၂) ၊ ခမရ (၅၆၃) ​တပ်ရင်းတည်​နေရာ​မြေပုံ
ဂွမြို့ရှိ ခမရ (၅၆၂) ၊ ခမရ (၅၆၃) ​တပ်ရင်းတည်​နေရာ​မြေပုံ

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

ဂွမြို့နယ်တိုက်ပွဲတွင် သေဆုံးသူများနှင့် ဒဏ်ရာရသည့် ရာချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဂွ- ရွှေသောင်ယံ-သာပေါင်းလမ်းမှတစ်ဆင့် စစ်ကောင်စီက ကားများဖြင့်ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ဟိုတနေ့က ကား ၁၇စီးတက်သွားတယ်။ ၇ စီးပြန်ဆင်းလာတယ်။ သေတာ တွေရော၊ အတိုအပြတ်တွေပါ ပြန်တင်လာတာ။ ၁၀၀ ကျော်တယ်” ဟု နယ်မြေခံသတင်းမြစ်တဦးကပြောသည်။

ဂွမြို့အမှတ်( ၅၆၂)ခြေမြန်တပ်ရင်း(ခမရ-၅၆၂)နှင့် အမှတ်(၅၆၃)​ခြေမြန်တပ်ရင်း(ခမရ-၅၆၃)ကို AAက ထိုးစစ်စင်တိုက်ခိုက်နေပြီး စစ်ကောင်စီသည် ငါးသိုင်းချောင်း-ဂွလမ်းအပြင် သာပေါင်း-ရွှေသောင်ယံ- ဂွလမ်းမှတဆင့်လည်း စစ်ကူများပို့ဆောင်နေသည်။

Public Service Announcement

Public Service Announcement

နပခ သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းများ
နပခ သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းများ

ဂွမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီးမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေကြောင်း AAက ဒီဇင်ဘာလ၂၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“ဂွမှာတိုက်ပွဲအရမ်းပြင်းနေတယ်။ ၅၆၂ နဲ့ ၅၆၃ကို AAက တိုက်နေတာ။ လက်နက်ကြီးပစ်ခတ်သံတွေ အကျယ်ကြီးကြားနေရတယ်။ အိမ်တွေတောင်တုန်တယ်” ဟု ရွှေသောင်ယံမြို့မှ ဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလလယ်ကတိုက်ပွဲတွင် ဒဏ်ရာရရှိသူများကို စစ်ကောင်စီက ဂွ- ငါးသိုင်းချောင်းလမ်းမှတစ်ဆင့် ရေကြည်နှင့် ပုသိမ်ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ အဆိုပါလမ်းပိုင်းတွင် AAက တိုက်ခိုက်မှုများရှိနေရာ စစ်ကောင်စီကဂွ- ရွှေသောင်ယံ-သာပေါင်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။

အမ်း နပခသိမ်းတိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သောAAစစ်သည်များ
အမ်း နပခသိမ်းတိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သောAAစစ်သည်များ

ထိုသို့ပို့ဆောင်စဉ် ရေကြည်ဆေးရုံမှအရပ်သားလူနာများကို စစ်ကောင်စီက အတင်းအကြပ်ဆင်းခိုင်းခဲ့သည်။ ပုသိမ်တွင် ဆေးကုနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးစိုးဝင်းကဒီဇင်ဘာလ၂၇ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ဂွ- ရွှေသောင်ယံ-သာပေါင်းလမ်းသည် ချောင်းသာနှင့် ‌ငွေဆောင်သို့ သွားသည့် လမ်းပိုင်း၌ပါဝင်သည်။ လက်ရှိအခြေအနေတွင် အဆိုပါလမ်းကိုအသုံးပြု၍ခရီးသွားလာမည်သူများ လုံခြုံရေးအန္တရာယ်ရှိနေကြောင်း ဒေသခံများကသတိပေးသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရွှေ သောင်ယံနှင့်သာပေါင်းမြို့နယ်များတွင် လုံခြုံရေးတိုးထားသည်။ တပ်ဖွဲ့ဝင်အင်အားမလုံလောက်၍ စစ်မှုထမ်းသင်တန်းဆင်းများကိုလည်း ဂွမြို့နယ်သို့ပို့နေသည်။

ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်များကို အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAက သတင်းထုတ်ပြန်ထားသည်။

(ဂွမြို့ရှိ ခမရ (၅၆၂) ၊ ခမရ (၅၆၃) ​တပ်ရင်းတည်​နေရာ​မြေပုံ နှင့် အမ်း နပခသိမ်းတိုက်ပွဲတွင်တိုက်ပွဲဝင်​နေ​သောAAစစ်သည်များ /နပခ သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်းများ ။ဓါတ်ပုံ-AA Info Desk)

ဆက်စပ်သတင်းများ

သတင်း

ပုဇွန်းမြောင်းကျေးရွာရှိ ပြည်သူပိုင်အိုးအိမ်များထိခိုက်ပျက်စီးမှုနှင့် ထိတွေ့တိုက်ပွဲအခြေအနေများကိုမူ အမှတ်(၂)စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

ဂွမြို့သည် ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ကုန်လမ်းရောရေလမ်းပါဆက်စပ်နေသည်။

သတင်း

ပြည်သူများအနေဖြင့် ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စစ်ကောင်စီတပ်သားများနှင့် နီးစပ်ရာများ၌ မပြုလုပ်ရန် MBTက မေတ္တာရပ်ခံသည်။

သတင်း

သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။