စစ်ကောင်စီအထိနာဟု ကရင်သတင်းရင်းမြစ် အသိပေး
ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်၊ တပ်မဟာ(၄)နယ်မြေအတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုသည်။
တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ်အတွင်း မိုးတောင်ဒေသ၌ KNUနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသားအသိပေးထားရာ ပဒိုစောအယ်နားက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုသည်။
“(စကစ)ထိုးစစ်ရှိတယ်။ အဲဒီ မိုးတောင်ဘက်တိုက်ပွဲရှိတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ မသိဘူးနော်။”ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement
KNU တပ်မဟာ(၄)နှင့် စစ်ကောင်စီအကြား ဒီဇင်ဘာ ၁၈ရက်မှ ယမန်နေ့ ဒီဇင်ဘာ ၂၄ရက်အထိ တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က အသိပေးထားသည်။ စစ်ကောင်စီ၏ စီးပွားရေးလမ်းကြောင်းဖြစ်သော မိုးတောင်လမ်းမကြီးတစ်ဝိုက် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားသောနေရာများမှာ ထိုခါလမ်းကွ ထိုခါကျေးရွာ၊ ချောင်းနှစ်ပုံတံတား၊ ချောင်းနှစ်ပုံ(tour gate)၊ ချောင်းနှစ်ပုံကျေးရွာနှင့် သေခိုးကျေးရွာတို့ဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်က အသိပေးသည်။
စစ်ကောင်စီတပ်က လေယာဉ် ၊ ဒရုန်းအသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသလို တောလမ်း၊တောင်ပေါ် ဒေသများကို အသုံးပြု မြေပြင်ထိုးစစ်ဆင်ခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တိုက်ခိုမှုကြောင့် စစ်ကောင်စီက သေဆုံးသူ ၂၀ဦးခန့်ရှိခဲ့ဟု KNLA တပ်ရင်း(၁၁)ကို ကိုးကားပြီး ကရင်သတင်းရင်းမြစ်က အသိပေးထားသည်။
တိုက်ပွဲဖြစ်ရာသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲများနယ်မြေရှင်းလင်းရေးလုပ်နေဆောင်နေသည်ဟုဆိုသည်။
