close
Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ် ရေလယ်ကျွန်းသို့ စစ်တပ်စစ်ကြောင်းပြန်ဝင်ပြီး ကျေးရွာသုံးရွာ မီးရှို့

ဒီဇင်ဘာ ၁၉ ရက် နံနက် ၇နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။

(ရေလယ်ကျွန်းရှိ ကျေးရွာများအား စစ်တပ်ကမီးရှို့နေစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းအချက်အလက်ကော်မတီ)
(ရေလယ်ကျွန်းရှိ ကျေးရွာများအား စစ်တပ်ကမီးရှို့နေစဥ်။ဓာတ်ပုံ-ရေစကြိုသတင်းအချက်အလက်ကော်မတီ)

ဟာနာဆန်/People’s Spring

တစ်နှစ်နီးပါး စစ်ကြောင်းဝင်ရောက်ခြင်းမရှိခဲ့သည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ် ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ရောက်ရှိလာပြီး စစ်ကြောင်းပြန်ထိုးကာ ကျေးရွာ ၃ရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၇နာရီခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သင်္ဘောတစ်စီးဖြင့် ရောက်ရှိလာခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသရှိ ကျွန်းညိုရွာ၊ နွယ်နီရွာနှင့် ခြံကျေးရွာတို့ရှိ ခန့်မှန်း အိမ်ခြေ ၂၀ထက်မနည်း မီးရှို့်ဖျက်ဆီးသွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“အောက်ကဆန် လာတာ။ မန္တလေးနဲ့ မြင်းခြံဘက်ကလို့ ယူဆရတယ်။ အင်အားကတော့ ၁၀၀ ဝန်းကျင်လောက်ရှိမယ်။”ဟု ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် ရေလယ်ကျွန်းဒေသမှ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ မင်းရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

“ရေလယ်ကျွန်းကိုမထိုးတာကြာပြီ။ ရှင်းလင်းရေးလုပ်မလား မပြောတတ်ဘူး။ မင်းရွာရောက်နေတယ်။”ဟု ရေစကြိုပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းမဝင်သည်မှာ တစ်နှစ်ခန့်ရှိပြီဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းစစ်ကြောင်းကြောင့် ရေလယ်ကျွန်းဒေသရှိကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း သိရသည်။

ရေလယ်ကျွန်းဒေသသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဆုံချက်တနေရာဖြစ်ပြီး တော်လှန်ရေးအားကောင်းရာဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်၂ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

သတင်း

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ဒီဇင်ဘာ ၁၉ရက်တွင် ဗန်းမော် လေယာဉ်ကွင်းနှင့် ၅ မိုင်နေရာတွင် တိုက်ပွဲဖြစ်ခဲ့ဟုအသိ​ပေးထားသည်။

သတင်း

ချင်းညီနောင်အနေဖြင့် မဟာမိတ်အင်အားစုများနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၉ရက်မှစတင်ကာဖလမ်းနှင့် မင်းတပ်မြို့သိမ်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

အိမ်သွင်/People’s Spring စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ အင်းတိုင်ကျေးရွာကို ယ‌နေ့(ဒီဇင်ဘာ ၁၉ရက်) ညနေ ၆နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မုံရွာမြို့၏မြောက်ဘက် မိုင်(၂ဝ)ခန့်ကွာဝေးသော ဘုတလင်မြို့နယ် အင်တိုင်းကျေးရွာနှင့် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခြင်းဟု အဆိုပါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ နေအိမ်အချို့...

Facebook