close
Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်ကင်းပုန်းအချို့တိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦးသေ

အလားတူ ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နံနက် ၉ နာရီခန့်ကလည်း ညောင်လေးပင်နယ်၊ ရေဖြူကန်ရွာအရှေ့ဘက်ကွင်းသို့ ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ် ပြန်သည်။

(အမှတ်(၂)စစ်ဒေသခွဲ၊ မီးနဂါးစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ − မီးနဂါးစစ်ကြောင်း)
(အမှတ်(၂)စစ်ဒေသခွဲ၊ မီးနဂါးစစ်ကြောင်းမှ ရဲဘော်အချို့အားတွေ့ရစဥ်၊ ဓာတ်ပုံ − မီးနဂါးစစ်ကြောင်း)

◾️တပတ်ကျော်အတွင်း စစ်တပ်အရာရှိအပါအဝင် နှစ်ဦးအရှင်မိပြီး လက်နက်များရ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် စစ်ကောင်စီတပ်ကင်းပုန်းအချို့တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း တောင်ပိုင်းစစ်ဒေသ၊ အ မှတ်(၂)စစ်ဒေသခွဲမှ မီးနဂါးစစ်ကြောင်းက ယနေ့(ဒီဇင်ဘာ ၁၉ ရက်) အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၈ ရက် ည ၇နာရီခွဲခန့်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာ၊ ညောင်ပင်ကုန်းစခန်းမှ စစ်သားတစ်ဦးကို မီးနဂါးရဲဘော်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉)တို့ ပူပေါင်း၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

အလားတူ ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နံနက် ၉ နာရီခန့်ကလည်း ညောင်လေးပင်နယ်၊ ရေဖြူကန်ရွာအရှေ့ဘက်ကွင်းသို့ ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ် ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီဇင်ဘာ ၁၅ ရက်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီတပ် ဂိတ်စခန်းတစ်ခုကို မီးနဂါးရဲဘော်များနှင့် ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦး သေဆုံးပြီး သေနတ်ငါးလက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း အသိပေးသည်။

ဆက်လက်၍ ဒီဇင်ဘာ ၁၃ ရက်ကလည်း ညောင်လေးပင်မြို့အနီးမှ စစ်တပ်ဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး မောင်းပြန်သေနတ်တစ်လက်ရရှိခဲ့သည်ဟု ဖော်ပြသည်။

အထက်ပါ ညောင်လေးပင်-မဒေါက်လမ်းပိုင်းတွင် ဒီဇင်ဘာ ၉ ရက်က စစ်ကောင်စီတပ်ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏နောက်လိုက်တစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်လျှက်ရှိကြောင်း အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ အရင်ဦးဆုံးစစ်ဆေးတယ်။ ပြီးတဲ့အခါမှာ သူတို့ဆီမှာပါလာတဲ့ စစ်ရေးပိုင်းဆိုင်ရာတွေ၊ လုံခြုံ ရေးပိုင်းဆိုင်ရာတွေကို ထပ်ဆင့်စစ်ဆေးတယ်။ နောက်ဆက်တွဲအခြေအနေတွေကို ဖြေရှင်းဖို့ မဟာမိတ်နဲ့ဖွဲ့စည်းထားတဲ့ စစ်ခုံရုံးတွေ၊ စစ်ဥပဒေရုံးတွေ ရှိပါတယ်။ အဲဒီကိုကျနော်တို့ တဆင့်လွှဲ ပြောင်းပေးအပ်တယ်။ ပြီးတော့မှ သက်ဆိုင် ရာပြစ်ဒဏ်အလိုက် အရေး ယူဆောင်ရွက်တာမျိုးတွေရှိပါတယ်။ သုံ့ပန်းသော်လည်း ကောင်း တခြားဖမ်းဆီးရရမိရင်သော်လည်း ကောင်း ကျနော်တို့ လက်လွတ်စပယ်ကိုင် တွယ်တာမျိုးမရှိပါဘူး”ဟု ၎င်းက ရှင်းပြသည်။

အထက်ပါ စစ်ရေးတိုက်ခိုက်မှုများအနက် ညောင်လေးပင်-မဒေါက်လမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်းသည် စစ်ကောင်စီလက်အောက်ခံ ရွှေကျင်ဗျူဟာအတွက် အရေးပါသည့် ထောက်ပို့စခန်းနှင့် တပ်ကူစခန်းတစ်ခုလည်းဖြစ်ကြောင်း အမှတ်(၂)စစ်ဒေသခွဲက ဆိုသည်။

ညောင်လေးပင်မြို့နယ်အတွင်း KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ စစ်ရေးဖော်ဆောင်လျှက်ရှိရာ ဒီဇင်ဘာ ၉ ရက်မှ ၁၉ ရက်အထိ တပတ်ကျော်ကာလအတွင်း သုံပန်းအဖြစ် စစ်တပ်အရာရှိတစ်ဦးနှင့် ၎င်း၏ နောက်လိုက်တစ်ဦး အရှင်ဖမ်းမိပြီး သေနတ်ခြောက်လက်နှင့် ခဲယမ်းများ ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အကြွေးပိလာသည့် စစ်ကောင်စီက ၎င်းတို့ရုံးအတွင်း အသုံးစရိတ်ကို အနည်းဆုံးလိုအပ်ချက်ကိုသာဝယ်ယူရမည်ဟုလည်း ညွန့်ကြားထားသည်။

သတင်း

စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အဆိုပါမြို့နယ်များတွင် လူငယ်များကို ပေါ်တာဆွဲမှု အရှိန်မြင့်လုပ်ဆောင်နေကြောင်းလည်း မြို့ခံများက ပြောသည်။

သတင်း

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

ဒီဇင်ဘာ ၁၅ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒါးကုလား ကျေးရွာမှ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကာ ဆိုင်ကယ်နှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Facebook