close
Connect with us

Hi, what are you looking for?

သတင်း

ဂျပန်လေဆိပ် တစ်ခုမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန်ဗုံး ပေါက်ကွဲမှုဖြစ်

ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံး ထပေါက်ခဲ့တာကြောင့် ဂျပန်က လေဆိပ်တစ်ခုမှာ လေယာဉ် ခရီးစဉ်ပေါင်း ၈၀ ကျော်ကို ဆိုင်းငံ့ခဲ့ရပါတယ်။

ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံး ထပေါက်ခဲ့တာကြောင့် ဂျပန်က လေဆိပ်တစ်ခုမှာ လေယာဉ် ခရီးစဉ်ပေါင်း ၈၀ ကျော်ကို ဆိုင်းငံ့ခဲ့ရပါတယ်။

အောက်တိုဘာ ၂ ရက်နေ့တုန်းက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာဇာကီ လေဆိပ်မှာ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး လေယာဉ်တွေ နေရာရွှေ့ပြောင်းရာ လမ်းကြောင်း တစ်နေရာမှာ အချင်း ၇ မီတာလောက်ကျယ်ပြီး ၁ မီတာလောက်နက်တဲ့ ချိုင့်ပေါက်ကြီး ဖြစ်ကျန်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တိုက်လေယာဉ်တွေ ပျံတက်တာကို ဟန့်တားဖို့ အမေရိကန်က လေယာဉ်ပြေးလမ်းတွေပေါ် ကြဲချခဲ့တဲ့ ဗုံးတစ်လုံး မပေါက်ကွဲဘဲ နှစ်ရှည်လများ မြေအောက်နစ်မြုပ် ကျန်နေရာက အခုမှ အကြောင်းတစ်ခုခုကြောင့် ထပေါက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သလို အခင်းဖြစ်ချိန်က အဲဒီနား တဝိုက်မှာ လေယာဉ်တွေ ရှိမနေခဲ့ပါဘူး။

“နောက်ဆက်တွဲ ထပ်ပြီး ပေါက်ကွဲနိုင်ခြေ ခြိမ်းခြောက်မှုတွေ မရှိပါဘူး။ လောလောဆယ်တော့ အခင်းဖြစ်တဲ့ နေရာကို ရဲတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်း စစ်ဆေးနေပါတယ်”လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီမာယာ ဟာရာရှီက ပြောပါတယ်။ လေဆိပ်ကို ယာယီ ပိတ်ခဲ့ပေမယ့် အောက်တိုဘာ ၃ ရက်နေ့ကျရင် ပုံမှန်လည်ပတ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သူက ဆိုပါတယ်။

ဂျပန် ပြည်စောင့်တပ် (JSD)ရဲ့ ဗုံးရှင်းလင်းရေး ယူနစ်တစ်ခုက အခု ပေါက်ကွဲမှုဟာ စစ်လက်ကျန် ပေါင် ၅၀၀ ဗုံးတစ်လုံးကြောင့်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီဗုံးက ဘယ်အချိန်ကတည်းက ရှိနေခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ ဂျပန် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကျူရှူးကျွန်းရဲ့ အဖျားမှာတည်ရှိတဲ့ မီယာဇာကီ လေဆိပ်ကို မူလတုန်းက ဂျပန်ဘုရင့် ရေတပ်ရဲ့ အခြေစိုက် စခန်းတစ်ခုအဖြစ် ၁၉၄၃ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ်တွေတုန်းကလည်း အဲဒီ လေဆိပ်တဝိုက်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မပေါက်ကွဲသေးတဲ့ အမေရိကန် စစ်လက်ကျန် ဗုံးတွေကို ရှာတွေ့ခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံ တနံတလျားမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် မပေါက်ကွဲသေးတဲ့ ဗုံးတွေ ပျံ့နှံ့တည်ရှိနေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတင် စုစုပေါင်း ၄၁ တန်လောက်ထိ အလေးချိန်ရှိတဲ့ အရွယ်စုံ ဗုံး ၂၃၄၈ လုံးကို ဖယ်ရှားရှင်းလင်းခဲ့ရပါတယ်။

ကိုးကား – Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဓာတုစက်ရုံ တစ်ခုရဲ့ ပရဝုဏ်ထဲမှာ ကြွင်းကျန်နေတဲ့ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို ချက်နိုင်ငံမှာ ဗုံးကျွမ်းကျင်သူတွေက အောင်မြင်စွာ ထိန်းချုပ် ဖောက်ခွဲနိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာဇီရာ လေကြောင်းလိုင်းက သူတို့ရဲ့ ဌာနချုပ်မှာ လုံခြုံရေးအရ စိုးရိမ်ရတဲ့ သတင်းပေးပို့မှု တစ်ခုကို လက်ခံ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

Facebook