close
Connect with us

Hi, what are you looking for?

သတင်း

ချီဖွေစခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းများစွာရ

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-ကချင်​တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

ချီဖွေ ဗျူဟာကုန်းအပါအဝင် ဒေသတွင်းရှိ ပြည်သူ့စစ်စခန်း၊ စစ်ကောင်စီ စခန်းများကို စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်နေ့များ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ စစ်သုံပမ်းနှင့် လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ချီဖွေစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ဖော်ပြထားသည့် ရုပ်သံမှတ်တမ်းလည်း ယနေ့ညပိုင်း၌ စစ်ရေး သတင်းရင်းမြစ်အချို့ကလူမှုကွန်ရက်၌ ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

“ချီဖွေစခန်းသိမ်းရတဲ့ဟာတွေဖြစ်ပါတယ် ဒါက” ဟု KIA ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးက သိမ်းရထားသည့် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ကျည်များ၊ စစ်အသုံးအဆောင်များ စုပုံထားသည်ကို ဖော်ပြသည့် ရုပ်သံ၌ပြောကြားခဲ့သည်။

KIA ပူးပေါင်းတပ်သည် ချီဖွေမြို့ကို စက်တင်ဘာလကုန်ပိုင်း၌ သိမ်းပိုက်နိုင်သကဲ့သို့ ဆော့လော်မြို့ကိုလည်း အောက်တိုဘာ ၂ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့သည်။ လေးရက်သာ ကြာမြင့်ခဲ့သည့် ချီဖွေနှင့် ဆော့လော် မြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်စခန်း၊ ရဲစခန်း၊ ပြည်သူ့စစ်စခန်း စုစုပေါင်း စခန်း ၁၃ ခု သိမ်းပိုက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ချီဖွေနှင့် ဆော့လော် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားထားသည်။ အဆိုပါဒေသ စစ်ရေး အခြေအနေကို မေးမြန်းရန်KIA သတင်းပြန်ကြားရေး ဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က​မေးမြန်းရန်ကြိုးစား​​နေသော်လည်းဆက်သွယ်မရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် ပြည်သူ့စစ်များစိုးမိုထားသည့် ကချင်ပြည်နယ် ချီဖွေမြို့နှင့် ဆော့လောမြို့တို့ကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယမန်နေ့ညတွင် အသိပေးဖော်ပြသည်။

သတင်း

ဝိုင်းမော်၊ ဖားကန့်မြို့နယ်များနှင့်ကန်ပိုက်တည်ရှိ စစ်တပ်စခန်းအများစုကိုလည်း သိမ်းပိုက်ထားပြီး စခန်းအချို့သာကျန်

သတင်း

ကချင်ပြည်နယ် ချီဖွေ - ဝိုင်းမော်လမ်းပိုင်းရှိ စစ်ကောင်စီ တပ်စခန်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းနိုင်ခဲ့၊ ချီဖွေရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် ခေါင်းဆောင်များ ပန်ဝါဘက်ထွက်ပြေးဟု သတင်းရင်းမြစ်အချို့ပြော

Facebook