close
Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့မှာ လေကြောင်းနဲ့လက်နက်ကြီးရန်ကြောင့် အရပ်သား ၄ ဦီးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်မှာ စက်တင်ဘာလကုန်ပိုင်းက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေ ထံကသိရပါတယ်။

ဓာတ်ပုံ - Shar Htat Paing/FB

ဆိုင်းမင်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ်မှာ စက်တင်ဘာလကုန်ပိုင်းက လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးအပါအဝင်အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေ ထံကသိရပါတယ်။

စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ မြို့ပေါ် နဲ့ သီပေါမြို့နယ်ထဲက ခါလိန်းကျေးရွာတို့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။

Public Service Announcement

Public Service Announcement

လေကြောင်းနဲ့လက်နက်ကြီး ရန်ကြောင့် ခါလိန်ရွာမှာ ၃ ဦး ၊ မြို့ပေါ် ဓမ္မာရုံက ဂေါပက အဖွဲ့ဝင် သက်ကြီးပိုင်း အမျိုးသား ၁ဦီး စုစုပေါင်း ၄ ဦီးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ခါလိန်ရွာကသေဆုံးသူ အရပ်သားတွေထဲမှာ ၅ နှစ်အရွယ် ကလေးငယ် ပါဝင် တယ်လို့သိရပါတယ်။

ဒါအပြင် သီပေါမြို့ ဇာတ်စုရပ် မှာ ၄ ဦီး ၊ ပန်းတိမ်မြောက်ရပ်မှာ ၂ ဦီး ၊ စျေးရပ်ကွက်မှာ ၂ ဦီး စုစုပေါင်း အရပ်သား ၈ ဦးလည်း လေကြောင်းနဲ့လက်နက်ကြီး ရန်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

နယ်စည်းမခြား အရေးပေါ်အသက်ကယ်ဆယ်ရေးအသင်း(သီပေါ) ရဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သေဆုံးသူအရပ်သားရုပ်အလောင်းတွေမှာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ တစစီဖြစ်သွားတာတွေ့ရပါတယ်။

သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အမည် ၊ ကျား၊ မ ၊ အသက်အရွယ်တွေကိုတော့ စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ရက် ကလည်း သီပေါမြို့ ၊ နားလွယ်ကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ရာ မြေအဖွား ၄ ဦီးနေရာတင်သေဆုံးခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း က သီပေါမြို့ကို သိမ်းယူဖို့အတွက် ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)မှာ တအာင်းတပ်(TNAL) က ထိုးစစ်ဆင်ခဲ့ပြီး မြို့ပေါ် ကို ထိန်းချုပ်ထားနိုင်တယ်လို့သိရပါတယ်။

မြို့ပြင်မှာတော့ စစ်ကောင်စီတပ်ရဲ့ ခြေလျင်နဲ့ ခြေမြန်တပ်ရင်း ၃ရင်း ရှိနေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၃၀ရက်) ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သူ ၃ဦး အပါအဝင် ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာ၂ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ခံပြည်သူ အချို့ တိမ်းရှောင်မှုများရှိနေသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်းတည်းကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများတိမ်းရှောင်နေ၍ လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

Facebook