close
Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်ပကဖ အား NUG က လက်နက်တပ်ဆင်ပေး

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ညောင်ဦးပကဖကို NUG ကာကွယ်​ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်​ခြင်းနှင့် သင်တန်းဆင်းသောအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-​ညောင်ဦးပကဖ

ကျော်ဇော/People’s Spring

ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)မှလက်နက်တပ်ဆင်ခြင်းခဲ့ကြောင်း ညောင်းဦး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်တပ်ဆင်ခြင်းအခမ်းအနားနှင့်အတူ သင်တန်းဆင်းပွဲ အခမ်းအနားကိုပါ လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က MOD က ချပေးတာရယ်၊ရန်သူဆီက သိမ်းထားတဲ့ လက်နက်ရယ်ဆို လက်ရှိလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲ တပ်ဆင် နိုင်ပါသေးတယ်”ဟု ညောင်ဦးမြို့ နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ညောင်ဦးမြို့နယ်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာလ ၂၀ ရက်နေ့က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းမှ ကင်းပတ်ပြန်လာသော စစ်သားနှင့်ရဲများလိုက်ပါလာသည့် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီးပါ ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးနေရာတင်ပွဲချင်းပြီး သေဆုံး၍ ကိုးဦးမှာ ပြင်း ထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင် ဆေး ရုံသို့ ပို့ဆောင်လိုက်ရကြောင်း ညောင်ဦးမြို့ နယ်-ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားထားသည်။

ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သားများထံမှ M22 အမျိုးအစားသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသည်အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ ကြား၌ အမြဲလူးသာလွန်သာအောင် ကြိုးစားရသည့် အခြေအနေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက အသိပေးကာ နိုင်ငံ၏ လွတ်လပ်သော အချုပ်အခြာ အာဏာကို အထူးလေးစားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ကို အိန္ဒိယ အစိုးရက ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူလူထု ဒုက္ခကြုံနေရသည့်ရှိ အခြေအနေများတွင် ပြည်သူကို ကူညီရန် မစဉ်းစားဘဲ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ထက်ပိုလုပ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

သတင်း

ရွှေ့ပြောင်းလုပ်သားများအပေါ် အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီအား အရေးယူပေးရန် ILOနှင့် နိုင်ငံတကာထံ တောင်းဆို

Trending

Facebook