close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများဆန်တန်းစီဝယ်​နေရသော်လည်း စစ်​ကောင်စီက ပြည်ပသို့ပိုတင်ပို့​နေ

စစ်​ကောင်စီက ပြည်တွင်း၌ ဆန်​ဈေးကွက်ကို နည်းမျိုးစုံသုံး၍ ကန့်သတ်ထား​ပြီး သတ်မှတ်​ဈေးနှုန်းဖြင့်ဝယ်လိုပါကတန်းစီဝယ်​နေရ​သော်လည်းသြဂုတ်လအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှာ ယခင်နှစ် ကာလတူကထက်သုံးဆ​ကျော်ပိုများ​ခဲ့သည်။

ဆန်ဝယ်ရန်တန်းစီ​​နေရ​သောပြည်သူများ။ ဓါတ်ပုံ- ဆန်စပါးအသင်းချုပ်

စောနွေဦး/People’s Spring

စစ်​ကောင်စီက ပြည်တွင်း၌ ဆန်​ဈေးကွက်ကို နည်းမျိုးစုံသုံး၍ ကန့်သတ်ထား​ပြီး သတ်မှတ်​ဈေးနှုန်းဖြင့်ဝယ်လိုပါကတန်းစီဝယ်​နေရ​သော်လည်းသြဂုတ်လအတွင်း ပြည်ပသို့ဆန်တင်ပို့မှုမှာ ယခင်နှစ် ကာလတူကထက်သုံးဆ​ကျော်ပိုများ​ခဲ့သည်။

ပြင်ပပေါက်ဈေးတွင် ဆန်ချောတစ်အိတ် ကျပ် တသိန်းခွဲကျော်ရှိနေချိန်တွင် စစ်ကောင်စီက ပြည်ပသို့ ဩဂုတ်လအတွင်းက ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့ခဲ့ခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင်များကပြောသည်။ ထိုပမာဏသည့် ဧပြီလမှစတင်ပြီး ငါးလအတွင်း အများဆုံးဖြစ်သည်ဟု လုပ်ငန်းရှင်များကပြောသည်။

Public Service Announcement

Public Service Announcement

ထိုတင်ပို့မှုကြောင့် စစ်ကောင်စီသည် နိုင်ငံခြားဒေါ်လာ ၉၇ သန်းရရှိခဲ့သည်ဟုဆို စစ်​ကောင်စီလက်​အောက်ခံ မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ်၏စာရင်းဇယားများအရသိရသည်။

၂၀၂၄ဩဂုတ်လအတွင်း ပြည်ပကို ဆန်ပို့မှုသည် ပြီးခဲ့သည့် နှစ် ၂၀၂၃ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက သုံးဆကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆန်လုပ်ငန်းရှင် အသိုင်းအဝိုင်းကသိရသည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ပြည်ပကို ဆန်တင်ပို့မှုသည် တန်ချိန် ၆ သောင်းခန့်သာရှိသော်လည်း ယခုနှစ်ဩဂုတ်လတွင် ဆန်တန်ချိန် နှစ်သိန်းကျော်အထိတင်ပို့ခဲ့ခြင်းဖြစ်သည်။

“ဆန်တင်ပို့တာကို တရုတ်နိုင်ငံကို အများဆုံးပို့နေတာပါရယ်၊ အာဆီယံနိုင်ငံတချို့က ဝယ်လက်တွေကြောင့်ပါ။ အခုထိတော့ ဆန်တင်ပို့တာက မရပ်သေးပါဘူး၊ ဒီကနေ သူတို့အတွက် (စစ်ကောင်စီ) နိုင်ငံခြားငွေရနေတာပါ။”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဧပြီ ၁ ရက်မှ ဩဂုတ်လကုန်အထိ ငါးလအတွင်းဆန် တန်ချိန် ၇ သိန်းကျော် ပြည်ပတင်ပို့ခဲ့ပြီး နိုင်ငံခြားငွေဒေါ်လာ သန်း ၃၅၀ ကျော် စစ်ကောင်စီက ရရှိထားသည်။

ဆန်စပါးအသင်းချုပ်က ထုတ်ပြန်မှုအရ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒဿမ ၇ သန်းခန့် တန်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၈၅၀ခန့်ရရှိခဲ့သည်။

ပြည်ပရင်းနှီးမြှပ်နှံမှုများ​လျော့ကျပြီး ၊ကုန်သွယ်​ရေးလည်းကျဆင်းကာ အ​မေရီကန်နှင့် အ​နောက်နိုင်ငံများ၏ စီးပွား​ရေးပိတ်ဆို့မှု​များကြောင့်​ဒေါ်လာအရနည်းသွား​သောစစ်​အုပ်စုအတွက် ပြည်ပဆန်တင်ပို့မှုမှာ အဓိကနိုင်ငံခြား​ငွေရ​သောပို့ကုန်တစ်ခုဖြစ်လာသည်။စစ်​ကောင်စီသည် ​ဒေါ်လာ အပါအဝင် နိုင်ငံခြား​ငွေဖြင့် နိုင်ငံတစ်ဝန်းဗုံးကြဲတိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများ၊ ဒရုန်းအပါအဝင်စစ်ဘက်သုံးပစ္စည်းများနှင့် ​လေယာဥ်ဆီကို ပြည်ပမှ ဝယ်ယူသုံးစွဲ​နေခြင်းဖြစ်သည်။

ပြည်တွင်း၌ ဆန်ကြမ်းတစ်အိတ်ကို ကျပ် ၈၀၀၀၀မှ ၁၀၀၀၀၀ အထိ ၊ ဆန်ချောတအိတ်ကို ကျပ် ၁၂၀၀၀၀မှ ကျပ် ၁၅၀၀၀၀ အထိပေါက်ဈေးရှိနေသည်။ စစ်​ကောင်စီက ဆန်​ရောင်းချမှုနှင့် ​ဈေးနှုန်းကို ကန့်သတ်ထားသဖြင့် ပြည်သူများဆန်ကို ယခင်ကဲ့သို့လွတ်လပ်စွာမဝယ်ယူနိုင်​တော့​ပေ။ စစ်​ကောင်စီက City Mart အပါအဝင် အ​​ရောင်းဆိုင်များ၊ဆန်ဆိုင်များကို ဆန်​ဈေးတင်​ရောင်းသည်ဆိုကာဆိုင်များမှ တာဝန်ရှိသူများကိုဖမ်းဆီးတရားစွဲဆို​ထောင်ချခဲ့​သေးသည်။ထို​

ကြောင့် အချို့ ​ဈေးဝယ်စင်တာများ ​ဈေးဆိုင်များမှာဆန်မ​ရောင်းရဲ​​တော့ဘဲ ပြည်သူများဆန်ဝယ်ရန်ကိုပင် ယခင်ကထက်ပိုခက်ခဲလာသည်။

ထိုအပြင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဆန်စပါးအသင်းချုပ်က ရောင်းချသည့် ​ဈေးပိုသက်သာသည့်ဆန်ကိုဝယ်ယာလိုပါက သတ်မှတ်ထား​​သောဆန်ဆိုင်များတွင် အ​ရေအတွက်အကန့်အသတ်ဖြင့်တန်းစီဝယ်ယူနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

သတင်း

ပြည်တွင်း၌ ဆန်ဈေးကြီးပြီး ဆန်​​​​ရောင်းဝယ်သူများကို ဖမ်းဆီးခြိမ်း​ခြောက်​နေ​သော်လည်း စစ်ကောင်စီက ပြည်ပသို့ ဆန်တင်ပို့မှုကိုမူ တိုးပို့နေကြောင်း ဆန်စပါးလုပ်ငန်းရှင်များထံမှသိရသည်။ 

သတင်း

ပြည်ပသို့ စနစ်တကျ ဆန်တင်ပို့ရောင်းချနိုင်ရေးနှင့် ဆန်စပါးဈေးကွက် တည်ငြိမ်မှန်ကန်စေရေးအတွက် ဆိုကာ ဆန်စပါးသို့လှောင်မှုအခြေအနေကို သိရှိလို၍ဖြစ်သည်ဟုစစ်ကောင်စီကအ​ကြောင်းပြထားသည်။

သတင်း

ပြည်တွင်း၌ ဆန်​ဈေးတက်ပြီး ပြည်သူအများစုစားဝတ်​နေ​ရေး ခက်ခဲ​နေချိန်တွင် စစ်ကောင်စီက နိုင်ငံခြားငွေရရှိရန် ဆန် ပြည်ပတင်ပို့မှုကို တိုး၍ တင်ပို့နေသည်။

Facebook