close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရီးသည်တွေအတွက် အစားအသောက်ထဲ ကြွက်အရှင် ပါလာလို့ လေယာဉ် အရေးပေါ်ဆင်းသက်

ခရီးသည်တွေကို တည်ခင်းမယ့် အစားအသောက်ထဲ ကြွက်အရှင်တစ်ကောင် ပါလာတဲ့နောက် ခရီးသည်တင် လေယာဉ်ကြီး တစ်စီးဟာ ဒိန်းမတ်နိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

စကန်ဒီနေးဗီးယန်း လေကြောင်းလိုင်း (SAS)က စက်တင်ဘာ ၁၉ ရက်နေ့မှာ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကနေ စပိန်နိုင်ငံ မာလာဂါမြို့ဆီ ဦးတည် ပျံသန်းနေရာက ကြွက်အရှင်ကို ရှာတွေ့ပြီး လွတ်မြောက်သွားတာကြောင့် ကိုပင်ဟေဂင်မှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

လေကြောင်းလိုင်းရဲ့ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်တွေမှာ လေယာဉ်ပေါ် ကြွက်တွေ့တာနဲ့ အရေးပေါ် ဆင်းသက်ရမယ် ဆိုတာကို တိတိကျကျ သတ်မှတ်ပြီးသားပါ။ အကြောင်းကတော့ ကြွက်တွေက လေယာဉ်ပေါ်က ဝါယာကြိုးတွေကို ကိုက်ဖြတ်လိုက်ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ အခြေအနေတွေဆီ ဦးတည်သွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။

အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှဦး လိုက်ပါလာသလဲ ဆိုတာကို လေကြောင်းလိုင်းက မကြေညာပေမယ့် ခရီးသည်တွေကို တခြားလေယာဉ် တစ်စီးပေါ် ရွှေ့ပြောင်းပေးပြီး လိုရာခရီး ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အွိုင်စတိန်း ရှမစ်ဒ်ကတော့ ဒီကိစ္စမျိုးဟာ အရမ်းရှားပါးလွန်းတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်ချက် ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအခြေအနေမျိုး ကြုံလာတဲ့ အခါကျရင် ဘယ်လိုစီမံ တုံ့ပြန်ရမလဲ ဆိုတာကို တိတိကျကျ လမ်းညွှန်ချက်တွေ ရှိနေပြီး ဖြစ်သလို နောက်ထပ် အလားတူ ထပ်မဖြစ်အောင် အာရုံစိုက် ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ဖို့လိုကြောင်း၊ လေကြောင်းလိုင်းအတွက် အစားအသောက် ထောက်ပံ့ပေးတဲ့ မိတ်ဖက် ကုမ္ပဏီနဲ့ ဆွေးနွေးဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ခရီးသည် တစ်ဦးကတော့ လေယာဉ် အမှုထမ်းတွေဟာ အခြေအနေကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်း ကိုင်တွယ်ခဲ့သလို ခရီးသည်တွေအတွက် စိတ်ဖိစီးစရာ အခြေအနေ မဟုတ်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ ကြွက်တစ်ကောင် ရှိနေတယ်ဆိုတဲ့ အတွေးကြောင့် သူ့ခြေထောက်ပေါ် တက်လာမလား ဆိုတာကို တွေးပြီး အသည်းယားနေမိတယ်လို့ ခရီးသည်က ပြောပါတယ်။

အခုသီတင်းပတ်ထဲမှာပဲ အင်္ဂလန်တောင်ပိုင်းမှာ ကုန်တင်ရထား တစ်စီးပေါ် ရှဉ့်နှစ်ကောင် တက်လာပြီး တစ်ကောင်က ပြန်မဆင်းဘဲ ရထားတွဲထဲမှာပဲ လှည့်ပတ်ပြေးနေတာကြောင့် အဲဒီရထားရဲ့ ပုံမှန်ပြေးဆွဲမယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

နယူးဇီလန် အစိုးရဟာ မီရာမာသာ မကဘဲ တစ်နိုင်ငံလုံးမှာ ရှိသမျှ ကြွက်တွေအပြင် ဒေသခံ ငှက်တွေကို အန္တရာယ်ပေးမယ့် တခြား သားစားသတ္တဝါတွေကိုပါ မျိုးဖြုတ်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ရည်မှန်းချက်ကို ၂၀၅၀ ပြည့်နှစ် မတိုင်မီ အကောင်အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။

News

"ခုချိန်ထိတော့ ကျွန်တော်တို့အနေနဲ့ အရေတွက် အတိကျ တွက်လို့မရနိုင်သေးပါဘူးခဗျာ။ အ စားသောက်အနေနဲ့ ဆန်ပေါပေမဲ့ မြို့ပေါ်သွား လာရေးခက်ခဲတာကြောင့် (ဟင်းလျာ)ဖြစ်သလိုပဲ စီစဥ်နေရပါတယ်"ဟု LWGRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုင်ငံတကာ

ကြွက်တွေ အုံလိုက်ကျင်းလိုက် ဝင်သောင်းကျန်းနေတာကြောင့် ဩစတြေးလျက အကျဉ်းထောင် တစ်ခုမှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ ပြုလုပ်နေရပါတယ်။

Facebook