Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်ပြေး နှစ်ဦး လက်နက်များနှင့်အတူ သံတောင် PDF ဖမ်းမိ

အဆိုပါ တပ်သားနှစ်ဦးသည် သံတောင်မြို့ရှိ (၆၀၄)တပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး ၎င်းတို့တပ်မှ လက်နက်ဖြင့် တပ်ပြေးလာခြင်းအား သံတောင် PDF၏ MLB စစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်ပြေး နှစ်ဦးအား လက်နက်များနှင့်အတူတွေ့ရစဥ်။ ဓာတ်ပုံ - သံတောင် PDF

ထားမြတ်/People’s Spring

သံတောင်မြို့ရှိ စစ်ကောင်စီတပ်မှ ထွက်ပြေးလားသည့် စစ်သားနှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း People Defence Force Thandaungက သတင်းထုတ်ပြန်သည်။

လက်နက်များယူဆောင်ပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးလာခြင်းဖြစ်သည့် အဆိုပါတပ်သား နှစ်ဦးကို ဆုငွေချီးမြှင့်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်သားနှစ်ဦးသည် သံတောင်မြို့ရှိ (၆၀၄)တပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး ၎င်းတို့တပ်မှ လက်နက်ဖြင့် တပ်ပြေးလာခြင်းအား သံတောင် PDF၏ MLB စစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

အဆိုပါတပ်သားများနှင့်အတူ MA1 သေနတ်တစ်လက်၊MAကျည် ၆၀၀၊MAကျည်‌ ဘောက်၆ခု၊ MA5သေနတ် တစ်လက်၊ ၉ မမကျည်၁၀‌‌ တောင့်နှင့် MA5 magazine နှစ်ခုနှင့် လက်ပစ်ဗုံး၂လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တောင်ငူခရိုင်၊တပ်မဟာ(၂ )၊တပ်ရင်း(၅ )လက်အောက်ခံ သံတောင် PDF ၏ MLB စစ်ကြောင်း မှ ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများကိုလည်း ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၁၀ရက်မှ ၂၂ရက်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ်အလိုက် ဖော်ပြသည်။

ဇူလိုင် ၁၀ရက်တွင် တောင်ငူ – လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းအား စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးနှင့်တပ်သား နှစ်ဦး သေဆုံးသွားကြောင်း၊ ထို့ပြင် ဇူလိုင် ၁၇ရက်တွင် ကျောက်လုံးကြီးစခန်းအား စနိုက်ပါဖြင့်ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက်ကလည်း လိပ်သိုမှတောင်ငူမြို့သို့ ထွက်ခွာလာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ပြီး ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်က် များပြားခဲ့သည်ဟုလည်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (ဇူလိုင် ၂၆ ရက်)နံနက်ပိုင်းက ထီးလင်းမြို့နယ်ရှိ သံဃာတော်များသည် ကျောင်းတစ်ခုရှိသိမ်၌ စုဝေးပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

သတင်း

ယမန်နေ့(ဇူလိုင် ၂၅ရက်) နံနက်အစောပိုင်းမှစ၍ မိုးဗြဲရေကာတာ ရေတံခါးအားဖွင့်ချခဲ့ရာ ၂၄နာရီအတွင်း ဘီလူးချောင်းရေမှာ (၈)ပေအထိ မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ဦးသည် စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့်အပြင် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်လိုကြောင်း ဝန်ခံခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့်တိုက်ခိုက်ပြီးနောက် ဇူလိုင် ၂၃ ရက်ကစတင်ပြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။