မိထက်/People’s Spring
ဒုအရာခံဗိုလ် ရွှေသိန်းဦးစီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ဦးရှိနေသော အဆိုပါစခန်းနှစ်ခုကို ဇူလိုင် ၂၀ရက် နံနက် ၇နာရီတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ်ကြီး ငါးဦးနှင့် တပ်ကြပ်သုံးဦးသေဆုံးပြီး ဒုအရာခံဗိုလ်ရွှေသိန်း၊ တပ်ကြပ်ကြီးလေးဦး၊ တပ်ကြပ်သုံးဦးဖမ်းမိထားသည်ဟု အသိပေးထားသည်။

Public Service Announcement
ထို့အပြင် လက်နက်ငယ် (၂၃)လက်၊ ကျည်မျိုးစုံ (၃၃၇၉)တောင့်၊ လက်ပစ်ဗုံး လေးလုံး၊ ရှေ့ထွက်မိုင်းတစ်လုံးနှင့် ကျည်အိမ် (၉၉)ခု သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအား အထူးလှုပ်ရှား တပ်ရင်း-၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် (၂) ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြလုပ်ခဲ့သည်ဟု အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့နယ်တွင် ပြီးခဲသည့် မတ်လက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အလောင်း ၁၄လောင်း၊ လက်နက်ငယ် ၁၈လက်နှင့် လက်နက်ခဲယမ်းများ၊စစ် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ် ဒေသက သတင်းထုတ်ပြန်သည်။
