“စံကားမြို့တောင်ဘက်က PNAတပ်စခန်းအကုန်ကျပြီ။ထီရိကျတယ်ထွက်ပြေးရတယ်။စစ်တပ်ပါပြေးရတာ”
— စစ်ရေးရင်းမြစ်တစ်ဦး
ဒေသခံပြည်သူတစ်သောင်းကျော်စစ်ဘေးတိမ်းရှောင်
ရဲခေါင်/People’s Spring
ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း အသုံးပြုတိုက်ခိုက်လာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။



ဇူလိုင် ၁၈ ရက်ကစတင်ခဲ့သည့် တိုက်ပွဲတွင် စံကားဒေသတွင်းရှိ စစ်ကောင်စီတပိ နှင့် ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တို့၏ ဂိတ်စခန်းအချို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိထား သည်ဟုစုံစမ်းသိရသည်။

Public Service Announcement
“စံကားမြို့တောင်ဘက်က PNAတပ်စခန်းအကုန်ကျပြီ။ထီရိကျတယ်ထွက်ပြေးရတယ်။စစ်တပ်ပါပြေးရတာ”ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့ကြောင့် ဇူလိုင် ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်း ပြည်သူ့စစ် PNO/PNA က အင်အားဖြည့်လာသောကြောင့် စံကားဒေသနှင့်ဆက် စပ်နေသည့် ဆည်ခေါင်းရွာတွင်ပါ တိုက်ပွဲ ပြင်းထန်ပြီး တိုက်လေယာဥ်အချို့ ပျံသန်းနေကြောင်း ညောင်ရွှေမြို့ခံက ဆိုသည်။
“လေယာဥ် တစ်စင်းပြီးတစ်စင်းလာနေပြီ။ပြီးတော့ PNO နဲ့ စကစ က အင်အားအလုံးအရင်းဖြည့်နေတယ်။တိုက်ပွဲက ပိုပြင်းထန်လာနိုင်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ညောင်ရွှေမြို့နယ်တွင်း တိုက်ပွဲတွင် စစ်ရှောင်ဒေသခံ တစ်သောင်းကျော်ရှိနေကြောင်းလည်း Voice Of Pinlaung တာန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အသိပေးသည်။
“တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။နှစ်ဖက်ထိခိုက်မှုအ သေးစိတ်တော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
စံကား ဒေသ တိုက်ပွဲနှင့် ဆက်စပ်၍ ဒေသခံတော် လှန်ရေးအင်အားစုများထံသို့ လူထုနွေဦးက မေးမြန်းထားပြီး ဆက်သွယ်၍ မရသေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲ ၊နောင်ချို ၊သီပေါ ၊လားရှိုး ၊မိုးမိတ် မြို့တို့တွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း၏ ထိုးစစ်များဖြင့်တိုက်ပွဲပြင်းထန်းနေပြီး တော်လှန်ရေးတပ်များကနောင်ချိုမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းကိုပါ ဒေသခံတော်လှန်ရေးတပ်များကစတင်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
(ညောင်ရွှေမြို့နယ် မှ စစ်ဘေးရှောင်ပြည်သူများ။
ဓါတ်ပုံ-Voice of Pinlaung)
