မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက လျှပ်စစ်ရုံးနဲ့ ထွေအုပ် ရုံးတို့ မနေ့ မတ်လ ၁၃ ရက်မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချခံလိုက်ရပြီး ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရသွားပါတယ်။
မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ထွေအုပ်ရုံးက ယာဉ်မောင်းအမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ ကျန် ၃ ဦးမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ၊ ထွေအုပ်အကြီးတန်း စာရေးနဲ့ လျှပ်စစ်ရုံး စာရေးတို့ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ နွားထိုးကြီးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်ဟာ ယာဘက် နားထင် ကို ဗုံးစ ဖောက်ဝင် ဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့သိရပါတယ်။
