Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအတွက် ပြည်ပထောက်ပံ့မှုတွေ လိုအပ်တယ်လို့ CIA သုံးသပ်

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အတိုက်အခံ အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လက်ရှိ ၂ နှစ်ကျော် ကြာလာတဲ့ထိ ဘယ်ဖက်ကမှ အချိန်တို ကာလအတွင်း အနိုင်ရမယ့် လက္ခဏာမျိုး မတွေ့သေးဘူးလို့ CIAက ဆိုပါတယ်။

(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)
(မန္တ​လေး PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-MPDF)

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ ၂၀၂၃ ခုနှစ်အတွက် နိုင်ငံတကာရေးရာ အကဲဖြတ် အစီရင်ခံစာမှာ မြန်မာ့တော်လှန်ရေး အောင်မြင်ဖို့အတွက် ပြည်ပ အထောက်အပံ့တွေ မဖြစ်မနေ လိုအပ်လိမ့်မယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီကို လိုလားတဲ့ အတိုက်အခံ အင်အားစုတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်မြင့်လာပြီး လက်ရှိ ၂ နှစ်ကျော် ကြာလာတဲ့ထိ ဘယ်ဖက်ကမှ အချိန်တို ကာလအတွင်း အနိုင်ရမယ့် လက္ခဏာမျိုး မတွေ့သေးဘူးလို့ CIAက ဆိုပါတယ်။

နောက်ပြီး နှစ်ဖက်စလုံးက သူတို့ရဲ့ ရှင်သန် ရပ်တည်ရေးကို အထူးအလေးထား ဆုပ်ကိုင်ထားရတာကြောင့် အလျှော့ပေးမယ့် အလားအလာ မရှိကြဘူးလို့လည်း CIAက ဆက်လက် သုံးသပ်ထားပါတယ်။ ​တော်လှန်​ရေးအဖွဲ့​တွေက ပြတ်သားတဲ့ အနိုင်ရလဒ် ပေါ်လွင်လာဖို့ဆိုရင် တပ်ထဲမှာ အကြီးစား သဘောထား ကွဲလွဲမှု ဖြစ်တာမျိုး၊ ဒါမှမဟုတ် ထင်ရှားတဲ့ ပြည်ပ အထောက်အပံ့တွေ ကြားဝင်လာတာမျိုး အပြောင်းအလဲကြီးတွေ လိုအပ်လိမ့်မယ်လို့လည်း ဆိုထားပါတယ်။

ဒီအပြောင်းအလဲတွေ ရှိလာမှသာ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေအတွက် စစ်ရေးအရ အနိုင်ရတာ၊ ဒါမှမဟုတ် မူဝါဒရေးရာ သဘောတူညီမှုတစ်ရပ် ဖော်ဆောင်နိုင်တာမျိုး အခြေအနေကောင်းတွေဆီ တွန်းအားပေးနိုင်မယ်လို့ CIA အစီရင်ခံစာကဆိုပါတယ်။

နောက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် လုပ်ရပ်တွေရယ်၊ နိုင်ငံရဲ့ စီးပွားရေး အခြေအနေ ယုတ်လျော့ ကျဆင်းလာတာရယ် ပေါင်းပြီး လူသားရေးရာ အကျပ်အတည်းတွေ၊ လူ့အခွင့်အရေး ပြဿနာတွေက ပိုမို ဆိုးရွားလာပြီး မြန်မာနိုင်ငံအပြင် ဒေသတစ်ခုလုံးရဲ့ လုံခြုံရေး ကဏ္ဍမှာပါ ထိခိုက် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း CIAက ကောက်နုတ် သုံးသပ်ပြထားခဲ့ပါတယ်။

You May Also Like

သတင်း

မြန်မာပြည်သူများနှင့် ဒီမိုကရေစီနှင့် ထိုက်တန်ပြီး ဒီမိုကရေစီခရီးသည် ကြမ်းတမ်းခက်ခဲလှကြောင်း အိန္ဒိယအစိုးရနှင့်ပြည်သူများအသိိဖြစ်ကြောင်း အထက်ပါ မြန်မာပြည်တော်လှန်ရေးအင်အားစုများ၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုမလွှဲမသွေဖြစ်ပေါ်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပေါ်ပေါက်လာရေးကြိုးပမ်းရမည်ဖြစ်ကြောင်းပဒိုမန်းမန်းက တိုက်တွန်း​ပြောကြားသည်။

သတင်း

လူငယ်များသည် တိုင်းပြည်၏အနာဂတ် ခေါင်းဆောင်များဖြစ်သည်ဟု ပြောဆိုကြရာဝေါဟာရအဖြစ်သာမက လက်တွေ ဖော်ဆောင်ရန်လိုအပ်ကြောင်း KNPP ဥက္ကဋ္ဌက ပြောသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် နိုင်ငံ့ပြဿနာများ အားလုံး၏ အရင်းအမြစ် ဖြစ်သည်ကို အားလုံး သိပြီးဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။ ထို့ကြောင့် တစုတစည်းတည်းအားကုန်ကြိုးစားနိုင်ရန် အတွက်ဘက်ပေါင်းစုံအားထည့်လုပ်ဆောင်သွားရန်ဝန်ကြီးချုပ်ကတိုက်တွန်းသည်။