Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ ညနေခင်းသတင်း”

ဒီနေ့(မတ်လ ၁၄ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တော်လှန်ရေးအရှိန်ကိုမြှင့်တင်ဖို့လိုအပ်တယ်လို့ NUG ယာယီသမ္မတပြော

NUG အစိုးရအဖွဲ့ဝင်များအနေနဲ့လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက် အားတင်းကာ တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ တိိုက်တွန်းပါတယ်။

ပြည်သူလူထု မျှော်လင့်နေတဲ့ အောင်မြင်မှုရလဒ်ကို အမြန်ဆုံးရရှိအောင် ဆက်လက်ကြိုးစားကြဖို့ NUG ယာယီသမ္မတက ဒီနေ့ ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာရှိ သံဃာတော်များနဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်ခဲ့တာ တွေ့ရပြီး ဆုံးရှုံးသွားတဲ့ မိသားစုဝင်များအားလုံးကို ဝမ်းနည်းကြောင်း အလေးအနက်ထားကြောင်းနဲ့ ပြည်သူတို့ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုနှင့် ခံစားမှုများကို မိသားစုနှင့်ထပ်တူ ခံစားရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ အကြောက်တရားနဲ့ ပြည်သူများကို ဆက်လက်အုပ်ချုပ်လို့ မရတော့ဘဲ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အမြစ်ဖြတ်ဖို့ ဒီအချိန်ဟာ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

▪︎ဖယ်ခုံတိုက်ပွဲ စစ်​တပ်စစ်​ကြောင်းမှူးအပါအဝင် ၁၉ ဦး​သေဆုံး၊ စစ်သုံ့ပန်း ၆ ဦးဖမ်းမိ

ရှမ်း-ကရင်နီဒေသအစပ် ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်ဟုတောင်ကြားတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ စစ်​​ကြောင်းမှူးအပါအဝင်အလောင်း ၁၉ လောင်းနဲ့ စစ်သုံ့ပန်း ၆ ဦးဖမ်းဆီးရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း(၂)က ဒီနေ့ ထုတ်ပြန်ပါတယ်။ လက်နက် ၁၅ လက်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။ မတ်လ ၁၁ ရက်မှာပဲ စစ်ကောင်စီတပ်သား ၆ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် အရှင်မိခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပူးပေါင်းဖက်က ရဲဘော်နှစ်ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

▪︎နမ်းနိန်းရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် စစ်​ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး NUG အစွမ်းကုန် ဆောင်ရွက်မယ်

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းအတွင်း သံဃာတော် (၃)ပါးနဲ့ ကျေးရွာသား (၁၉) ဦးကို ဖမ်းဆီးကာ စစ်အုပ်စုက အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှုနဲ့ ပင်လောင်းဒေသမှာ စစ်ကောင်စီတပ်မှ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်​ကောင်စီတပ်ရဲ့ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မတ်လ ၁၁ ရက်က နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းမှာ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကို ဗိုလ်မှူးချုပ်နေလင်းအောင် ကွပ်ကဲတဲ့ ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇) ၊စကခ-၁၈ ၊တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကွပ်ကဲတဲ့ တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်က အကြမ်းဖက်စစ်သားများက ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎NUGဝါရှင်တန်ရုံးမှာ ဒုနိုင်ငံခြားရေးဝန်ကြီးကိုအမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ လာရောက်တွေ့ဆုံ

အမေရိကန်မြို့တော်ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့အဖွဲ့ မနေ့ကလာရောက်ခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဦးဆောင်တဲ့အဖွဲ့ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာပြည်အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ချက်များနဲ့ အကူညီပေးနိုင်မယ့်ကိစ္စရပ်များအား ဆွေးနွေးခဲ့တယ်လို့ NUG ဝါရှင်တန်ရုံးက ဖော်ပြပါတယ်။ NUG ရဲ့ ဝါရှင်တန်ရုံးမှာ ဦးမိိုးဇော်ဦးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို အကူအညီတွေ ဘယ်လိုတိုးမြှင့်ပေးရမလဲဆိုတာနဲ့ အားလုံးပါဝင်ကာ ဒီမိုကရေစီနည်းကျ နိုင်ငံကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံ Derek Chollet က အသိပေးပါတယ်။

ဓာတ်ပုံ - MOFA NUG - DC
ဓာတ်ပုံ – MOFA NUG – DC

▪︎မိုးဗြဲစစ်ရှောင်စခန်းမှသက်ကြီးရွယ်အိုနဲ့ ကလေးငယ်အချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့တပ်မ(၆၆)ကိုတိုက်ခိုက်

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အရှေ့ဘက်တောင်ပေါ်ရှိ စစ်ရှောင်စခန်းမှ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီ​ရဲ့ တပ်မ(၆၆)ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအလောင်းလေးလောင်းနဲ့ စစ်အသုံးဆောင် ပစ္စည်းများသိမ်းဆည်းရမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း (၂)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မတ်လ ၁၂ ရက်က တပ်မ(၆၆)ဟာ စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနဲ့ ကလေးအချို့ကို ဖမ်းဆီးထား​ခဲ့တာပါ။ စစ်ဘေးရှောင်များကယ်ဆယ်ဖို့ ဖယ်ခုံPDF တပ်ရင်း-၂ ၊KNDF B-03 နဲ့ URFပူးပေါင်းအဖွဲ့ မှ ကြိုးပမ်းခဲ့ပြီးနောက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲဲ့တာပါ။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတို့ သုံးခဲ့ပေမယ့် စစ်ကောင်စီမှ တပ်ကြပ်ကြီးနဲ့ ဒု- တပ်ကြပ်အပါအဝင် အရာရှိစစ်သည်အများအပြားသေဆုံးဒဏ်ရာရပြီး အရေအတွက်ကိုမူ အတည်ပြုဖို့ကြိုးစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

(မိုးဗြဲ မြို့အရှေ့ဘက်ခြမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီရုပ်အလောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဖယ်ခုံ PDF တပ်ရင်း (၂))
(မိုးဗြဲ မြို့အရှေ့ဘက်ခြမ်းတိုက်ပွဲ၌ သေဆုံးခဲ့သည့် စစ်ကောင်စီရုပ်အလောင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – ဖယ်ခုံ PDF တပ်ရင်း (၂))

▪︎မြင်းခြံမှာအိမ်စီးကားများနဲ့လာတဲ့စစ်အုပ်စုကို ​PDFများ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အိမ်စီးကားများနဲ့ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒေသတွင်းPDFများ တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိတယ်လို့ Natogyi Regional Defence Force-NRDFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၉ ရက် ညနေပိုင်းက မြင်းခြံမြို့ပေါ်မှ အိမ်စီးကား ခုနစ်စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်း အင်အားစုတွေက တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 27 Revolution Forcesအဖွဲ့က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ NRDFက အသိပေးပါတယ်။

▪︎ခင်ဦးမြို့အဝင် စစ်အုပ်စုမိုင်းထိပြီးတိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ရေဦးမှ ခင်ဦးမြို့သို့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြို့အဝင်မှာ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲငယ် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိတယ်လို့ Royal Tiger Guerilla Force အဖွဲ့ တာဝန်ခံက ပြောပါတယ်။ မတ်လ ၁၂ ရက် မနက်ပိုင်းက ရေဦးမြို့မှထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦးမြိို့သို့ ထွက်ခွာလာခဲ့ရာ မြို့အ၀င်တစ်နေရာမှာ RTGFနဲ့ မြို့ပေါ် UGအဖွဲ့တို့ပူးပေါင်းပြီး ရှေ့ထွက်မိုင်း လေးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရှင်းပြပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး နေရာတွင်လဲကျခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

▪︎ခင်ဦးနယ်မှာ စစ်ကောင်စီတပ်သတ်ဖြတ်မှုကြောင့် PDF ရဲဘော်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီကင်းပုန်းနဲ့တိုးကာ ကျေးရွာကာကွယ်ရေး ရဲဘော်နှစ်ဦး ရက်စက်စွာသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကောင်စီရဲ့ ရှေ့ပြေးကင်းပုန်းနဲ့နဲ့ ထိပ်တိိုက်တိုးခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေး (LDF) ရဲဘော်နှစ်ဦးဖြစ်တဲ့ ရဲဘော်ကျော်ရဲနဲ့ ရဲဘော်သက်နိုင်ဖြိုးတို့ဟာ တစ်ဦးမှာ ခေါင်းဖြတ် သတ်ခံရကာ ကျန်တစ်ဦးမှာ နဖူးတည့်တည့် ပစ်ခတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

You May Also Like