Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာ လဝကဦးစီးမှူး အသတ်ခံရ

မတ္တရာမြို့နယ်၊ဝါးရင်းတုတ်ကျေးရွာ တစ်နေရာတွင် သေနတ်ဖြင့် သုံးချက်အနီးကပ် ပစ်သတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

ဓာတ်ပုံ - Voice Of Mandalay PDF
ဓာတ်ပုံ - Voice Of Mandalay PDF

မန္တလေးတိုင်း မတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ဦးစီးမှူး ကျော်နိုင်ဦး ယနေ့(မတ် ၁၄ရက်)နံနက် ၁၀နာရီခန့်တွင် လူတစ်စုက သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ‌ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်၊ဝါးရင်းတုတ်ကျေးရွာ တစ်နေရာတွင် သေနတ်ဖြင့် သုံးချက်အနီးကပ် ပစ်သတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက People’s Springသို့ ပြောသည်။

“ ကျော်နိုင်ဦးက ဒီဘက်(ပစ်သတ်ခံရသည့်နေရာဝန်းကျင်)ကို မကြာခဏလာတဲ့သူ။ သူက စစ်ကောင်စီလူအမာခံပါ။ ဒီနေ့မနက်သူ့ကိုပစ်သတ်သွားတာ” ဟု မတ္တရာမြို့ခံတစ်ဦးက ပြော သည်။

မတ္တရာမြို့နယ် လဝကဦးစီးမှူး ကျော်နိုင်ဦးသည် ပျူစောထီးစည်းရုံးရေးနှင့် ပျူထောက်ပို့လုပ်နေသူဖြစ်ပြီး ဝရင်းတုတ်ကျေးရွာ တံတား​နောက်ဘက်ထိပ်တွင် သေနတ်ဖြင့် သုံးချက်အပစ်ခံပြီး သေဆုံးသွားကြောင်း၊ ကျော်နိုင်ဦးသည် ကိုယ်ခံပညာတတ်သူဖြစ်ပြီး ၎င်းထံမှ သွေးစွန်းနေသော ဓားနှင့် စာရင်းစာရွက်များ တွေ့ရှိကြောင်းသိရသည်ဟု မန္တလေးကင်းထောက်အဖွဲ့ဖြစ်သော Voice Of Mandalay ဖေ့စ်ဘွတ်ခ်စာမျက်နှာက ရေးသားထားသည်။

မတ္တရာမြို့နယ် လဝက ဦးစီးမှူး ကျော်နိုင်ဦးသည် အသက် (၅၀)ခန့်ရှိပြီး စစ်ကောင်စီအလိုကျ လိုက် နာပြီး ရွေးကောက်ပွဲဖြစ်ရေး လှုံ့ဆော်နေသူဖြစ်ကြောင်း သိရသည်။ ဦးကျော်နိုင်ဦးသည် သုံးရက်အတွင်း နှစ်ဦးမြောက် ရှင်းလင်းခံရသော စစ်ကောင်စီလက်အောက်ခံ လဝကဦးစီးမှူးဖြစ်သည်။

မတ်လ ၁၂ရက်ကလည်း ဖားကန့်မြို့နယ် လ၀က ဦးစီးမှူးမြင့်လွင် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်။

You May Also Like

သတင်း

ဦးမြင့်လွင်သည် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာတွင် ယမန်နေ့(မတ်လ ၁၂ရက်) နေ့လယ် ၂နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

မတ်လ ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံးယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeက ထပ်မံအသိပေးသည်။

သတင်း

ကျောက်ပန်းတောင်းမြို့တွင် ယမန်နေ့( ဖေဖော်ဝါရီလ ၁၇ရက်)ညက လျှပ်စစ်ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။ ထိခိုက်ပျက်စီးမှုအခြေအနေကိုမူမသိရသေးပေ။

သတင်း

မတ္တရာမြို့ပေါ်ရှိ စျေးဆိုင်များအား မြေလတ်သံ PDF အဖွဲ့ဟုဆိုကာ ပစ်စာများပစ်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။