Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်​လောင်းတိုက်ပွဲစစ်တပ်​သေဆုံးထိခိုက်မှုများပြီး စစ်တပ်၏ကျည်နှင့်ခဲယမ်းများသိမ်းဆည်းရှိမှုကိုKRU ထုတ်ပြန်

စစ်ကောင်စီတပ်က နန်းနိမ့်ရွာသံဃာတော်သုံးပါးအပါအဝင် ၊ အပြစ်မဲ့ပြည်သူများအား မသေမချင်း တန်းစီ ပစ်သတ်ထားသော လုပ်ရပ်အား အပြင်းအထန် ရူတ်ချကြောင်းလည်း KRU ကထုတ်ပြန်သည်။

(ပင်​လောင်းမြို့နယ်တိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ကျည်နှင့် ခဲယမ်းများ /တိုက်ပွဲဝင်​နေ​သော ​နေပြည်​တော်PDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KRU၊​နေပြည်​တော်PDF)
(ပင်​လောင်းမြို့နယ်တိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ကျည်နှင့် ခဲယမ်းများ /တိုက်ပွဲဝင်​နေ​သော ​နေပြည်​တော်PDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KRU၊​နေပြည်​တော်PDF)

▪︎နေပြည်​တော်PDF စနိုက်ပါအဖွဲ့ကလည်းစစ်သား ၆ ဦးကိုရှင်းလင်းနိုင်ခဲ့ဟုအသိ​ပေး

▪︎စစ်သားအ​လောင်း ၂၀ ခန့်ပါ​သောရုပ်သံမှတ်တမ်းကို ဖယ်ခုံPDFပြသ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် မှ သေဆုံးထိခိုက်မှုများခဲ့ပြီး ခဲယမ်းနှင့် ကျည်များစွာသိမ်းဆည်းရမိကြောင်း ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) ကထုတ်ပြန်သည်။

ပင်လောင်းမြို့နယ် အတွင်းထိုးစစ်ဆင်လာသော စစ်​ကောင်စီတပ်စစ်ကြောင်းအား ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးအင်အားစုများကခုခံတိုက်ခိုက်လျက်ရှိသည်။

“ မနေ့(မတ်၁၁ )ကညနေပိုင်း ၄ နာရီလောက်မှာ ကျွန်တော်တို့ ကျားထိုးတက်ပြီး စစ်ကောင်စီစစ်ကြောင်းကို တိုက် တယ်။ ဒီထက်မက လက်နက်ခဲယမ်းနဲ့ စကစအ လောင်းတွေ ရှိဖို့ ရှိတယ်။အခြေအနေတစ်ခုကြောင့် ဒီလောက်ပဲ ရခဲ့တာ” ဟု KRU တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ယမန်​နေ့(မတ်လ ၁၂ ရက်)ညတွင်ပြောကြားသည်။

(ပင်​လောင်းမြို့နယ်တိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ကျည်နှင့် ခဲယမ်းများ /တိုက်ပွဲဝင်​နေ​သော ​နေပြည်​တော်PDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KRU၊​နေပြည်​တော်PDF)
(ပင်​လောင်းမြို့နယ်တိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ကျည်နှင့် ခဲယမ်းများ /တိုက်ပွဲဝင်​နေ​သော ​နေပြည်​တော်PDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KRU၊​နေပြည်​တော်PDF)

ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် ဒေသအတွင်း တော်လှန်ရေးအင်အားစုများဖြစ်သော မိုးဗြဲ PDFတပ်ရင်း၁၊ ဖယ်ခုံ PDF၊အလယ်ပိုင်းတိုင်း နေပြည်ဝောာ် PDF (တပ်ရင်း၈၀၄) ၊ အလယ်ပိုင်းတိုင်း ၁၁၀၁၊ ၁၁၀၂၊ ၁၁၀၃ ၊၁၀၀၇၊၁၀၀၉ ၊SSLRU နှင့် KNDF တို့ ပူးပေါင်း၍ ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်​နေပြီးတိုက်ပွဲ များပြင်းထန်နေ​ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရမှုများခဲ့​သော်လည်းအ​ရေအတွက်အတိအကျကိုမူ အတည်မပြုနိုင်သေး​ကြောင်းKRU မှတာဝန်ရှိသူက​ပြောသည်။

စစ်ကောင်စီတပ်ထံမှ 79ကျည် ၁၃လုံး၊MA-1 ကျည်တောင့် ၁,၆၀၀ ​တောင့်၊ စုပုံး ခုနှစ်လုံး၊နင်းမိုင်း နှစ်လုံး၊MA- 1 ကျည်ဘောက် နှစ်ဘောက် ၊လက်ပစ်ဗုံး နှစ်လုံး၊ 60 မမ ပို့ယမ်းတစ်ထုပ်နှင့်အခြားဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့​ကြောင်းသတင်းဓါတ်ပုံနှင့်တစ်ကွထုတ်ပြန်သည်။

တိုက်ပွဲအတွင်းကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု တပ်ရင်း Commandoတပ်ခွဲ မှရဲဘော် တစ်ဦးနှင့် မဟာမိတ် အဖွဲ့ များမှ ဒဏ်ရာပြင်းထန်ရရှိ ရဲဘော်များအား KRU (Medic unit ) ဆေးအဖွဲ့နှင့် မဟာမိတ်ဆေးတပ်ဖွဲ့များမှ ကုသပေးလျက်ရှိသည်။

တိုက်ပွဲမှာပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူများ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ အသိပေး အကြောင်းကြားလာသော ကိစ္စ ရပ်များ အား အလေးအနက် ထား သတိပြုရန် နှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ များ အပေါ် ယုံကြည်ပေးပါရန် KRU က မေတ္တာရပ်ခံထားသည်။

▪︎ပင်​လောင်းတိုက်ပွဲတွင်​နေပြည်​တော်PDF စနိုက်ပါအဖွဲ့ကစစ်သား ၆ ဦးကိုရှင်းလင်းနိုင်ခဲ့ဟုထုတ်ပြန်

ထိုအပြင်​ ပင်​လောင်းမြို့နယ်တွင် စစ်​ကောင်စီတပ်အား KRU၊ဒီး​မော့ဆို PDF၊ နေပြည်တော် PDF ၈၀၄ တပ်ရင်းတို့ ပါဝင်သော စနိုက်ပါတပ်ပေါင်းစုအဖွဲ့ကပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ နေပြည်တော် PDF ၈၀၄ တပ်ရင်း စနိုက်ပါအဖွဲ့မှ စစ်သား၆ ဦးအားရှင်းလင်းသုတ်သင်နိုင်ခဲ့​ကြောင်း ​နေပြည်​တော်PDF ၊သတင်းနှင့်ပြန်ကြားရေးက မတ် ၁၂ ရက်တွင်ထုတ်ပြန်သည်။

▪︎ကရင်နီ​ဒေသတိုက်ပွဲများတွင်စစ်သား ရုပ်အ​လောင်း ၂၀ ခန့်ရုပ်သံမှတ်တမ်းကိုဖယ်ခုံPDFထုတ်ပြန်

ဖယ်ခုံPDF ကလည်း အထိနာ​နေ​သောစစ်သားများ၏ ရုပ်အ​လောင်းများရုပ်သံမှတ်တမ်းကိုတယ်လီဂရန်မှတစ်ဆင့်ထုတ်ပြန်အသိ​ပေးသည်။

“ Video မှာ ကြည့်ဖို့မသင့်တော်တဲ့ မြင်ကွင်းတွေပါတယ်ဗျ။ မင်းအောင်လှိုင်သားတွေသေတာပဲ ကြည့်ပျော်တယ် ဆိုတဲ့သူတွေသာ ကြည့်ကြပါခင်ဗျာ” ဟု အသိ​ပေး၍ ​နေရာသုံး​နေရာတွင် စစ်သားစုစု​ပေါင်း ၂၀ ခန့်၏ ရုပ်အ​လောင်းများမှတ်တမ်းကို မတ် ၁၂ ရက်ညတွင်ထုတ်ပြန်အသိ​ပေးလာသည်။ စစ်သားများ​သေဆုံးခဲ့​သော​နေရာ နှင့်​နေ့ရက် စသည့်အ​သေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ထားခြင်းမရှိ​ပေ။(မှတ်ချက်- ရုပ်သံကို တယ်လီဂရန်တွင် ကြည့်ရှုနိုင်ပါသည်)

ကရင်နီပြည်နယ်တွင် တိုက်ပွဲများပြင်းထန်​နေသည်မှာ သုံးပါတ်​ကျော်ရှိလာပြီဖြစ်ပြီးပြည်သူများက​တော်လှန်​ရေးတပ်ဖွဲ့များကို ​ထောက်ပံ့ကူညီကြရန် ဖယ်ခုံPDF ကနှိုး​ဆော်ထားသည်။

ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

(ပင်​လောင်းမြို့နယ်တိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ကျည်နှင့် ခဲယမ်းများ /တိုက်ပွဲဝင်​နေ​သော ​နေပြည်​တော်PDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KRU၊​နေပြည်​တော်PDF)
(ပင်​လောင်းမြို့နယ်တိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော ကျည်နှင့် ခဲယမ်းများ /တိုက်ပွဲဝင်​နေ​သော ​နေပြည်​တော်PDFတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-KRU၊​နေပြည်​တော်PDF)

▪︎စစ်တပ်၏​သွေးခွဲမှုလက်မခံဘဲ အကြမ်းဖက်စစ်တပ်ကိုအတူ​တော်လှန်ကြရန် KRU တိုက်တွန်း

စစ်ကောင်စီတပ်က နန်းနိမ့်ရွာသံဃာတော်သုံးပါးအပါအဝင် ၊ အပြစ်မဲ့ပြည်သူများအား မသေမချင်း တန်းစီ ပစ်သတ်ထားသော လုပ်ရပ်အား အပြင်းအထန် ရူတ်ချကြောင်းလည်း KRU ကထုတ်ပြန်သည်။

“ ပအိုဝ်းလူမျိုးတွေအနေနဲ့လည်းအခုဖြစ်စဥ်ကနေစစ်ကောင်စီဆိုတာ အကြမ်းဖက်အဖြစ် မြင်နိုင်ပြီလို့ ထင်တယ်။နောက်တစ်ခုက ပအိုဝ်း ပြည်သူ့ စစ် PNO PNA ဆိုတာပအိုဝ်းလူမျိုးစုအတွက်မဟုတ်ဘူး ဆိုတာ လည်း ပြတ်ပြတ်သားသား သတ်မှတ်ဖို့လိုတယ်။ဒါကြောင့် တော်လှန်ရေးအင်အားစု တွေ အပေါ် ပအိုဝ်း လူမျိုးတွေအနေနဲ့ ယုံကြည်ပြီး တော်လှန်ရေးမှာ ဒီထက်မက ပါဝင်ပေးပါ” ဟုKRUမှတာဝန်ရှိသူက တောင်းဆိုသည်။

ပြည်သူလူထု အနေဖြင့်ကိုယ့်လူမျိုးကို မကြည့်ဘဲ ထိပါးလာသော စစ်တပ်၏ အကြမ်းဖက်သွေးခွဲနည်းများအား လက်မခံကြရန် နှင့် ပြည်သူ များအပေါ် အကြောင်းမဲ့သတ်ဖြတ်နေသောစစ်တပ်အားအတူတွန်းလှန်ကြရန်လည်း၎င်းက တိုက်တွန်းသည်။

You May Also Like

သတင်း

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့​ကြောင်းသိရသည်။

သတင်း

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People's Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။