Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ချီလီ လေဆိပ်တစ်ခုမှာ အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂ ဦးသေ

ရဲတင်းလှတဲ့ အနုကြမ်းစီးမှုကို ကျူးလွန်တဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ တောင်အမေရိက ဒေသတွင်းက ချီလီနိုင်ငံမှာ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။

ချီလီ လေဆိပ်တစ်ခုမှာ အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂ ဦးသေ
ချီလီ လေဆိပ်တစ်ခုမှာ အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်၊ အပြန်အလှန် ပစ်ခတ်မှုကြောင့် ၂ ဦးသေ

ချီလီနိုင်ငံက လေဆိပ်တစ်ခုကို အနုကြမ်းစီးဖို့ ကြိုးစားမှု မအောင်မြင်ရာက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

လက်နက်ကိုင် အမျိုးသား တစ်စုဟာ ငွေသား ပမာဏ အမြောက်အမြား တင်ပို့မယ့် ခရီးစဉ် တစ်ခုကို ကြားဖြတ် လုယက်ဖို့ အားထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မတ် ၈ ရက်က မြို့တော် ဆန်တီယေဂိုက အာတူရို မာရီနို ဘင်နီတက်ဇ် နိုင်ငံတကာ လေဆိပ်မှာ ဒေါ်လာ ၃၂.၅ သန်းလောက်ထိ များပြားတဲ့ ငွေသားတွေကို လေဆိပ် အမှုထမ်းတွေက အရွှေ့အပြောင်း လုပ်နေတုန်း လက်နက်ကိုင် ၁၀ ဦး၊ ဒါမှမဟုတ် ၁၂ ဦးလောက်က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြေးနဲ့ တခြား အဖိုးတန် ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင် လေယာဉ်ဟာ အမေရိကန်နိုင်ငံ၊ မီယာမီမြို့ကနေ ဆိုက်ရောက်လာပြီးနောက် လေဆိပ်ကနေတဆင့် Brinks လုံခြုံရေး ကုမ္ပဏီဆီ ရွှေ့ပြောင်း သယ်ယူဖို့ စီစဉ်နေချိန် အနုကြမ်းစီးမှု ကြုံခဲ့ရတာပါ။

ဒါပေမဲ့ လုံခြုံရေးတွေက တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် အခုရာဇဝတ်မှု မအောင်မြင်ခဲ့ကြောင်း၊ ဓားပြတစ်ဦးနဲ့ လုံခြုံရေး အမှုထမ်းတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ တာဝန် အပ်နှင်း ခံထားရတဲ့ အစိုးရ ရှေ့နေ အီဒွာဒို ဘေဇာက ပြောပါတယ်။

ရဲတင်းလှတဲ့ အနုကြမ်းစီးမှုကို ကျူးလွန်တဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်လို့တော့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ တောင်အမေရိက ဒေသတွင်းက ချီလီနိုင်ငံမှာ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာပါတယ်။

၂၀၁၇ တုန်းကလည်း လက်နက်ကိုင် အဖွဲ့တစ်ခုက ဒေါ်လာ ၁၈ သန်းလောက်ကို ခိုးဝှက် လုယက်သွားခဲ့ဖူးပြီး နောက်ထပ် ၃ နှစ် အကြာမှာလည်း သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တစ်စီးကို စီးနင်းပြီး ဒေါ်လာ ၁၅ သန်းလောက်ကို လုယက်သွားမှု ပေါ်ပေါက်ခဲ့သေးကြောင်း သိရပါတယ်။

You May Also Like

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

ညောင်လှ ဆိပ်ကမ်းမှာ မနေ့ မတ်လ ၆ ရက်ညနေပိုင်းက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် တစ်ဦးအပါအပါအဝင် ကလေး ၉ ဦး ရေဆင်းချိုးရာကနေ ရေနစ်ကြတာပါ။

သတင်း

တပ်ကြပ်ငစိုးမှာ ခြေထောက်ပြတ်ထွက်သွားကာ ဆေးရုံတင်ထားပြီး အသက်အန္တရာယ်ထိခိုက်နိုင်ကာ ပျူဝေဠုမှာ ပွဲခြင်းပြီး ‌သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့တာဝန်ခံက ဆိုသည်။