Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတိုက်ပွဲ စစ်ကောင်စီတပ် ၁၂ဦးထက်မနည်းသေဟု မြို့နယ်(ပကဖ) ထုတ်ပြန်

ယနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပကဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရေစကြို(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်
ရေစကြို(ပကဖ)မှ ရဲဘော်များအား တွေ့ရစဥ်

▪︎”ပျူစောထီးစခန်းကရဖို့ကို တော်တော်နီးကပ်နေပြီ။ လက်နက်တွေကောက်ဖို့တွေနဲ့ အဆုံးသတ်ဖို့ပဲ ကျန်တဲ့အချိန်မှာ လေကြောင်းပစ်ကူလာတယ်”-ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီး

ရေစကြိုမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်သည်။

ယနေ့တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပကဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲအနီး ပြည်သူများအားအနိုင်ကျင့်စပ်ကြေးကောက်ခံလျှက်ရှိသော ဇီးတောပျူရွာအား ကာကွယ်ရေးတပ်ရေးရဲဘော်များမှ ယနေ့ (ဖေဖော်ဝါရီ ၂၄ရက်) နံနက်မှစ၍ တိုက်ခိုက်ခဲ့ရာ ပျူစောထီးရွာအား စီးနင်းနိုင်ပြီး စစ်ကောင်စီတပ်နှင့် ပျူများ တပ်စွဲထားသည့် စာသင်ကျောင်းအား အနီးကပ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးခဲ့ပြီး ကျောင်းအတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေစဉ် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခြင်း၊ မြေပြင် စစ်ကြောင်းမှ အင်အားအလုံးအရင်းဖြင့် စစ်ကူလာရောက်ခြင်း တို့ကြောင့် ကာကွယ်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“အခြေအနေခြုံကြည့်ရင်တော့ လေကြောင်းကိစ္စက ကျွန်တော်တို့ တော်လှန်ရေး အရှိန်မြှင့်ဖို့တော့ ဒီဝေဟင်ပြဿနာက တော်လှန်ရေးရဲ့ အပေါ် တော်တော်ကြီးကို သက်ရောက်မှုရှိစေတာ။ အဲဒီပြဿနာ မရှင်းနိုင်ရင် တော်လှန်ရေး နောက်တစ်ဆင့်တက်ဖို့မလွယ်လောက်တဲ့အနေအထားရောက်နေတယ်”ဟု ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

တစ်ပြိုင်တည်း၌ပင် ခမရ (၂၅၇)တပ်ရင်းမှစစ်ကူများမလာနိုင်စေရန် အဆိုပါတပ်ရင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရေစကြိုမြို့ပေါ်မှ စစ်ကူလာသည့် ၁၂ဘီးကားကိုလည်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ယာဥ်ပျက်စီးသွားပြီး စစ်ကောင်စီတပ်က လေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

“ဇီးတောပျူစောထီးရွာက ပျူစောထီးစခန်းကရဖို့ကို တော်တော်နီးကပ်နေပြီ။ လက်နက်တွေကောက်ဖို့တွေနဲ့ အဆုံးသတ်ဖို့ပဲ ကျန်တဲ့အချိန်မှာ လေကြောင်းပစ်ကူ လာတယ်။ ပြီးရင် (၂၅၆)တပ်ထဲကနေ လက်နက်ကြီး ပစ်ကူပေးတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

You May Also Like

သတင်း

KNUနှင့် စစ်ကောင်စီတပ်တို့ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ထောင်ချီဖြစ်ခဲ့သော်လည်း KNU တပ်မဟာ(၇)နယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု လုံး၀မရှိခဲ့ပေ။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ၂ နာရီကျော်က မန္တလေးတိုင်း‌၊ စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်းအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကြိမ်တိုင် ဗုံးသီးကြဲချခဲ့ရာ ရဲစခန်းအဆောက် အဦး၏ အတွင်းသို့ကျရောက်ခဲ့သဖြင့် ရဲများက ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဗိုလ်ကောင်းကင်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)က အသိပေးသည်။

သတင်း

ယခုလ တတိယပတ်အတွင်း ကရင်နီပြည်နယ်ရှိ ဖရူဆို၊ရှားတော၊ ဒီးမော့ဆိုနှင့် ရှမ်း - ကရင်နီဒေသအစပ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။