Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်ပွဲကို မီးစာဖြည့်ပေးနေတဲ့ အမေရိကန်က စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်တင်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ် အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မူဝါဒသစ် စာတမ်းကို ထုတ်ပြန်ချိန် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်က အခုလို ပြောဆိုခဲ့တာပါ။

စစ်ပွဲကို မီးစာဖြည့်ပေးနေတဲ့ အမေရိကန်က စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်တင်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော
စစ်ပွဲကို မီးစာဖြည့်ပေးနေတဲ့ အမေရိကန်က စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်တင်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော

ယူကရိန်း စစ်ပွဲမှာ လောင်စာဖြည့်ပေးနေတဲ့ နိုင်ငံမျိုးက စစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်ကို အပြစ်ဖွဲ့ချင်တာမျိုးကို လုံးဝ လက်မခံနိုင်ကြောင်း အမေရိကန်ကို ရည်ရွယ်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးသစ်က ပြောကြားလိုက်ပါတယ်။

တရုတ် အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မူဝါဒသစ် စာတမ်းကို ထုတ်ပြန်ချိန် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်က အခုလို ပြောဆိုခဲ့တာပါ။ ချင်ဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလကမှ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ရာထူးမှာ ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး တရုတ် အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်းမှာ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ဝမ်ယိပြီးရင် လုပ်ပိုင်ခွင့် အကြီးမားဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ် ခံထားရပါတယ်။

အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ် အစိုးရဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ ကူညီလာနိုင်ကြောင်း စွပ်စွဲ ပြောဆိုခဲ့တာကို ချင်က တုံ့ပြန်ခဲ့တာပါ။ ဘလင်ကန်က တရုတ်ရဲ့ ပုဂ္ဂလိက ကုမ္ပဏီ တချို့ဟာ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားကို လက်နက် မဟုတ်တဲ့ အကူအညီတွေ အလုံးအရင်း တင်ပို့နေနှင့်ပြီး ဖြစ်ကြောင်း၊ အဲဒီကနေ တစ်ဆင့်တက်ပြီး စစ်လက်နက်တွေပါ ပို့ဆောင်လာနိုင်ကြောင်း၊ တရုတ်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေဆိုတာ အစိုးရ မူဝါဒနဲ့ မကင်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ကို တိုက်ရိုက် ရည်ညွှန်းတာမျိုး မဟုတ်ပေမယ့် ချင်က ယူကရိန်း ပဋိပက္ခ စတင်ကတည်းက အဲဒီ အရေးကိစ္စနဲ့ ပတ်သက်ရင် တရုတ်ဟာ အပြုသဘောဆောင်ပြီး ဘက်မလိုက်တဲ့ မူဝါဒမျိုးကို အစဉ်တစိုက် ကိုင်ဆွဲခဲ့ကြောင်း၊ တချို့ နိုင်ငံတွေ အနေနဲ့ စစ်ပွဲကို မီးစာထည့်ပြီး အရှိန်မြှင့်ပေးနေရင်း တရုတ်ကို လှမ်းအပြစ်တင်တဲ့ ကိစ္စမျိုးတွေ ရပ်တန်းက ရပ်စေလိုကြောင်း၊ ဒီနေ့မှာ ယူကရိန်း ပြဿနာကို မီးမွှေးပြီးရင် နောက်နေ့မှာ ထိုင်ဝမ် ကိစ္စဖက် ဦးလှည့်လာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်က စစ်ပွဲမှာ ယူကရိန်းအတွက် စစ်လက်နက်တွေ အလုံးအရင်း ထောက်ပံ့ပေးနေတာကို ရည်ညွှန်းဟန် ရှိပါတယ်။ အခုသီတင်းပတ် အစောပိုင်းမှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို သွားရောက်ခဲ့သလို ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ လောက် တန်ဖိုးရှိတဲ့ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်း ပို့ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်ဟာ စစ်ပွဲ စတင်ချိန် ကတည်းက ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံလောက်ထိ ထောက်ပံ့ပေးခဲ့ပြီးပါပြီ။

တရုတ်နဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆက်ဆံရေး သိသိသာသာ တင်းမာလာခဲ့သလို ထိုင်ဝမ် အရေးမှာ တင်းမာမှုတွေ ပိုမြင့်တက်လာအောင် အမေရိကန်က သွေးထိုးပေးနေကြောင်းလည်း တရုတ် အစိုးရက စွပ်စွဲထားပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင် ဒီမိုကရေစီ စနစ်နဲ့ သီးခြားရပ်တည်တဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကန်က ထိုင်ဝမ်ရဲ့ သီးခြားရပ်တည်မှုကို အသိအမှတ်ပြုတဲ့ အရိပ်အယောင်မျိုးတွေ ပြသနေခြင်းက တရုတ်အတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်လာစေခဲ့ပါတယ်။

Facebook

You May Also Like

ဆောင်းပါး

ဒီလမှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ဂျကာတာမှာ အစည်းအဝေး ကျင်းပတဲ့အခါ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆက်လက် အားပေး ထောက်ခံနေတဲ့တိုင် ဘာတိုးတက်မှုမှ ရှိမလာတဲ့ အခြေအနေ အတွက်လည်း စိတ်ပျက်တယ်လို့ သဘောထား ဖော်ပြခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ တင့်ကားတွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံဖိုးလောက် ကာကွယ်ရေး အစီအမံတွေ ပေးအပ် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။

သတင်း

ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်သည်ဟု ထုတ်ပြန်သည်။