Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တရုတ် မိုးပျံပူဖောင်းရဲ့ အပေါ်စီးကနေ ရိုက်ယူထားတဲ့ U-2 လေယာဉ်မှူးရဲ့ selfie ဓာတ်ပုံကို အမေရိကန်ထုတ်ပြန်

အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ပစ်ချလိုက်ပြီဖြစ်တဲ့ တရုတ် မိုးပျံပူဖောင်းကို အပေါ်စီးကနေ ထောက်လှမ်းကြည့်ရှုရင်း အမေရိကန် လေတပ် ပိုင်းလော့ တစ်ယောက်က ရိုက်ကူးထားတဲ့ selfie ဓာတ်ပုံကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြသလိုက်ပါတယ်။

အဲဒီဓာတ်ပုံဟာ အမေရိကန်ရဲ့ တစ်ယောက်စီး ထောက်လှမ်းရေး လေယာဉ်ဖြစ်တဲ့ U-2 တစ်စီးပေါ်ကနေ ရိုက်ကူးထားခဲ့တာပါ။ တရုတ် မိုးပျံပူဖောင်းက အမြင့်ပေ ၆၀၀၀၀ လောက်မှာ မျောလွင့်နေတဲ့ အချိန် U-2 လေယာဉ်က အမြင့်ပေ ၇၀၀၀၀ လောက်က ပျံသန်းရင်း အဲဒီ selfie ဓာတ်ပုံကို ရိုက်ယူခဲ့တာလို့ ပင်တဂွန် စစ်ဌာနချုပ်က ဆိုပါတယ်။

ဒီပုံကို ဖေဖော်ဝါရီ ၃ ရက်က ကန်းဆက်စ် ပြည်နယ်နားမှာ ရိုက်ထားတာ ဖြစ်ပြီး နောက်တစ်နေ့မှာတော့ တရုတ် မိုးပျံပူဖောင်းကို အမေရိကန် လေတပ်ရဲ့ F-22 Raptor တိုက်လေယာဉ် တစ်စီးက ဒုံးကျည်နဲ့ ပစ်ချလိုက်ပါတော့တယ်။

အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

တရုတ်ကတော့ အမေရိကန်ဟာ မတော်တဆ လေပိုင်နက် ကျော်ဝင်သွားမိတဲ့ မိုးလေဝသ လေ့လာရေး အရပ်ဖက်သုံး ပူဖောင်း တစ်လုံးကို စစ်အင်အားသုံး ပစ်ချခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲထားပါတယ်။

ပင်တဂွန်ရဲ့ အဆိုအရ ရက်အတန်ကြာ အမေရိကန် လေပိုင်နက်ထဲကနေ ပူဖောင်း ဖြတ်ပျံနေတဲ့ တစ်ချိန်လုံး အသေအချာ ထောက်လှမ်း စောင့်ကြည့်ခဲ့ပြီး ကုန်းမြေ နယ်နိမိတ်ကို ကျော်သွားပြီဆိုမှာ ဒုံးကျည်နဲ့ ပစ်ချခဲ့တာလို့ သိရပါတယ်။

Dragon Ladyလို့ နာမည်ပြောင် ရထားတဲ့ U-2တွေဟာ အမေရိကန်ရဲ့ ဂန္ထဝင်မြောက် အမြင့်ပျံ ထောက်လှမ်းရေး လေယာဉ်တွေဖြစ်ပြီး ၁၉၅၀ ပြည့်လွန် နှစ်တွေကတည်းက စတင် အမှုထမ်းခဲ့ပါတယ်။ မြင့်မားလွန်းတဲ့ နေရာတွေမှာ အရမ်းမြန်မြန် ပျံရတဲ့ U-2တွေကို တာဝန်ယူ မောင်းနှင်တဲ့ ပိုင်းလော့တွေဟာ အာကာသ ယာဉ်မှူးတွေလိုပဲ ဖိအားဒဏ်ခံ ဝတ်စုံတွေကို ဝတ်ရလေ့ ရှိပါတယ်။

အမေရိကန်က သူလျှိုပစ္စည်းလို့ စွပ်စွဲထားတဲ့ တရုတ် မိုးပျံပူဖောင်းဟာ ဇန်နဝါရီ ၂၈ ရက်က အမေရိကန် လေပိုင်နက်ထဲမှာ ရှိနေခဲ့ပြီး ဇန်နဝါရီ ၃၀ မှာ ကနေဒါ လေပိုင်နက်ကို ဖြတ်သန်းခဲ့ပါတယ်။ နောက်တစ်ရက်ကျမှ အမေရိကန် လေပိုင်နက်ထဲ ပြန်ရောက်လာပြီး ဖေဖော်ဝါရီ ၄ ရက်မှာတော့ ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရကြောင်း သိရပါတယ်။

You May Also Like

ဗီဒီယို

ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက်ရှာဖွေနေချိန် ဖေဖော်ဝါရီ ၂၃ ရက်မှာ နောက်ထပ် မြေပြိုမှု ထပ်ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ် ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။

သတင်း

ယင်းအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များတက်ရောက်ခဲ့သည်ဟု သိရသည်။

ဆောင်းပါး

ဒီလမှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ဂျကာတာမှာ အစည်းအဝေး ကျင်းပတဲ့အခါ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆက်လက် အားပေး ထောက်ခံနေတဲ့တိုင် ဘာတိုးတက်မှုမှ ရှိမလာတဲ့ အခြေအနေ အတွက်လည်း စိတ်ပျက်တယ်လို့ သဘောထား ဖော်ပြခဲ့ကြပါတယ်။