Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ
အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ်မှာ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦး ညပိုင်းထွက်လို့ ပစ်သတ်ခံလိုက်ရပါတယ်။

မနေ့ညပိုင်း ၁၀ နာရီ အချိန်က အင်းတော်မြို့ မဲဇာရွာ ၊ မဲဇာရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာပါ ။

ပစ်သတ်ခံရသူ ဟာအသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ဆိုသူဖြစ်ပြီး မဲဇာရွာကနေ အလယ်ဆိပ်ရွာကိုအပြန် မဲဇာ ရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာလို့ အင်းတော်တော်လှန်ရေးအင်အားစုက အသိပေးပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

တဆက်တည်းမှာပဲ ည ၆ နာရီကနေ မနက် ၆ နာအထိ အပြင်မထွက်ဖို့နဲ့ လူ ၅ ဦးထက် ပိုမစုဖို့ ညမထွက်ရအမိန့် ထပ်ထုတ်ထားတာတွေ့ရပါတယ်။

You May Also Like

မေးမြန်းခန်း

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

သတင်း

ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိပြီး (၄၀) မမ လေးလုံး၊ (၆၀) မမ နှစ်လုံး၊(၈ဝ) မမ နှစ် လုံး စခန်းအတွင်းသို့ ပစ်ထည့်တိုက်ခိုက်ခဲ့ကြောင်း MNRFအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း Eagle Force က အသိပေးထားသည်။

သတင်း

ထန်တလန်မြို့သည် စစ်​ကောင်စီက​ဖေ​ဖော်ဝါရီလတွင် စစ်အုပ်ချုပ်​ရေးထပ်တိုးထုတ်ပြန်ခဲ့​သော ၃၈ မြို့ထဲမှတစ်မြို့ဖြစ်သည်။