Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်
အောင်လံမြို့နယ်တွင် စစ်အုပ်စု ဒေသကာကွယ်ရေးတပ်များ ခြုံခိုတိုက်ခိုက်

မကွေးတိုင်း အောင်လံမြို့နယ် ကျွဲခေါင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ လာမည်ဟု သတင်းကြိုရသောကြောင့် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ လေးဦးသေဆုံးပြီး အရာရှိတစ်‌ဦး အပြင်းအထန်ဒဏ်ရာရကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၁၅ယောက် ‌‌ ကျွဲခေါင်းရွာကနေ အနောက်ဘက်ကို ထွက်လာတာ သတင်းရလို့ တိုက်တာပါ။တလုတ်ပင်‌ရွာက အုပ်ကြီးယောက်ဖရဲ့ ဆွမ်းသွပ်ကိုလာတာ။ အဲဒီကအပြန်မှာ စောင့်တိုက်တာပါ။” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ပြီး စစ်ဗိုလ်တစ်ဦးလည်းပြင်းထန် ဒဏ်ရာရရှိခဲ့ပါသည်။ ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိခိုက်၊ အကျဆုံးမရှိခဲ့ပါ။ ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။”ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

You May Also Like

သတင်း

"မနေ့ ၈ ရက်နေ့ည ၉ ခွဲဝန်းကျင်မှ ၁၀ နာရီဝန်းကျင်လောက်ထိ သွားရောက်ပစ်ခတ်ခဲ့တာပါ"ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိပြီး (၄၀) မမ လေးလုံး၊ (၆၀) မမ နှစ်လုံး၊(၈ဝ) မမ နှစ် လုံး စခန်းအတွင်းသို့ ပစ်ထည့်တိုက်ခိုက်ခဲ့ကြောင်း MNRFအဖွဲ့က ပြောသည်။

သတင်း

"နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။​ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ --ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်" ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

စစ်​တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက် ၁ နာရီမထိုးခင်အချိန်တွင် (၁ဝ၇) မမ ရှော့တိုက်ဒုံး (၂) လုံး၊ RPG (၁) လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။