နေအိမ် တစ်လုံးနှင့် စပါးကျီတစ်လုံး မီးရှို့ဖျက်ဆီးခံရ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က နံနက်ပိုင်းက မီးရှို့ခဲ့ရာ နေအိမ်တစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးခဲ့ကြောင်း Indaw Revolutionက ဖော်ပြသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၇ရက်က အဆိုပါ ကျေးရွာသို့ရောက်ရှိနေပြီး ဒေသခံများကို ဖမ်းဆီးရိုက်နက်ခြင်း၊ နံနက်ပိုင်း၌ နေအိမ်မီးရှို့ခြင်းလုပ်ဆောင်ခဲ့သည်ဟု အင်းတော်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ရွာသား ရှစ်ဦးသည် လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း Indaw Revolution က ဖော်ပြထားသည်။

အင်းတော်ဒေသတွင် တိုက်ပွဲများ ဖြစ်နေ၍ ပြည်သူများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဂရုစိုက်နေထိုင်ကြရန်လည်း အသိပေးတိုက် တွန်းထားသည်။
