Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေနံချောင်းမြို့ စစ်ကောင်စီ​၏ ယာပြင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သုံးဦးသေ

“မနေ့ ၈ ရက်နေ့ည ၉ ခွဲဝန်းကျင်မှ ၁၀ နာရီဝန်းကျင်လောက်ထိ သွားရောက်ပစ်ခတ်ခဲ့တာပါ”ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့ စစ်ကောင်စီ​၏ ယာပြင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သုံးဦးသေ
ရေနံချောင်းမြို့ စစ်ကောင်စီ​၏ ယာပြင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သုံးဦးသေ

မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ ယာပြင်စစ်ဆေးရေးဂိတ်ကို လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း မကွေးခရိုင် PDFတပ်ရင်း (၂)က ပြောသည်။

ရေနံချောင်းမြို့ မြို့ရှောင်လမ်းရှိ စစ်ကောင်စီလက် အောက်ခံယာပြင်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ (ဖေ ဖော်ဝါရီ ၉)ည ၉နာရီခွဲက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ် ချိန် ၁၅ မိနစ်ကြာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“မနေ့ ၈ ရက်နေ့ည ၉ ခွဲဝန်းကျင်မှ ၁၀ နာရီဝန်းကျင်လောက်ထိ သွားရောက်ပစ်ခတ်ခဲ့တာပါ”ဟု မကွေးခရိုင် PDF တပ်ရင်း (၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးသွားပြီး မဟာမိတ်ရဲဘော် များ အထိအခိုက်မရှိဘဲ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တပ်ရင်း(၂)တာဝန်ရှိသူက ဆက်ပြောသည်။

ယင်းပစ်ခတ်တိုက်ခိုက်မှုကို မကွေးခရိုင် တပ်ရင်း (၂)နှင့်အတူ တပ်ရင်း (၁)၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ PDF Yenangyaung(ရေနံချောင်းတပ်ခွဲ)၊ Yenangyaung Local People’s Defence Force(ဖေကံကောင်းအဖွဲ့)စသည့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

အမေရိကန်၊ ဗြိတိန်၊ကနေဒါနဲ့ဩစတြေးလျတို့ကအာဏာသိမ်း စစ်ကောင်စီအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကြောင့် စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ်ရက်စက်တဲ့ စစ်ပွဲမျိုးဆင်နွှဲနိုင်မှုအပေါ်အကန့်အသတ်ဖြစ်စေလိမ့်မယ်လို့ CNFက အသိအမှတ် ပြုထားပါတယ်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)နှင့် သရက်ခရိုင် PDF တပ်ရင်း (၁)တို့၏ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁ရက်အတွင်း တိုက်ပွဲပေါင်း ၈,၀၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၆,၈၇၆ ဦးသေဆုံးကာ ၅,၅၁၉ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

မေးမြန်းခန်း

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။