Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်ပွဲကာလအတွင်း ဗြိတိန်ကို ပထမဆုံးအကြိမ် ယူကရိန်း သမ္မတရောက်ရှိ

ဇီလန်စကီးရဲ့ ခရီးစဉ် အတောအတွင်း ဗြိတိန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

စစ်ပွဲ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ဗြိတိန်နိုင်ငံကို သွားရောက်ရှိလာပါတယ်။

ဇီလန်စကီးဟာ ဖေဖော်ဝါရီ ၈ ရက်မှာ လန်ဒန်မြို့ကို ရောက်ရှိလာပြီး ဝန်ကြီးချုပ် အိမ်တော်မှာ ဗြိတိန် ဝန်ကြီးချုပ် ရီရှီဆူနက်ခ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဗြိတိန် လွှတ်တော်မှာ မိန့်ခွန်းပြောဖို့လည်း စီစဉ်ထားပါတယ်။

ဇီလန်စကီးရဲ့ ခရီးစဉ် အတောအတွင်း ဗြိတိန် အစိုးရဟာ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ထပ်မံ ထုတ်ပြန်သွားမယ်လို့လည်း ယုံကြည်ရပါတယ်။

ဇီလန်စကီးဟာ ပြီးခဲ့တဲ့နှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားတပ်တွေက ယူကရိန်းကို ကျူးကျော် စစ်ပြုခဲ့တဲ့ အချိန်ကစပြီး ပြည်တွင်းမှာပဲ တောက်လျှောက်နီးပါး ရှိနေခဲ့ပါတယ်။ သူဟာ အဲဒီ စစ်ပွဲ ကာလအတွင်း ဗြိတိန် မတိုင်ခင်မှာ အမေရိကန် တစ်နိုင်ငံတည်းကိုပဲ နေ့တစ်ဝက်လောက် သွားရောက်ခဲ့ဖူးပါတယ်။

သူဟာ စစ်ပွဲစပြီး တစ်လလောက်အကြာ မတ်လမှာတုန်းက ဗြိတိန် လွှတ်တော် အမတ်တွေကို အွန်လိုင်းကနေတဆင့် မိန့်ခွန်း ပြောခဲ့ဖူးပေမယ့် အခုတစ်ကြိမ်မှာတော့ လွှတ်တော်ထဲထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဗြိတိန်ဟာ တခြား အနောက်မဟာမိတ် နိုင်ငံတွေနည်းတူ စစ်ပွဲတလျှောက် ယူကရိန်းကို စစ်လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့နေခဲ့ပါတယ်။ နောက်ပြီး အနာဂတ်မှာလည်း NATO မဟာမိတ် အဖွဲ့ရဲ့ တိုက်လေယာဉ်တွေကို ယူကရိန်း လေယာဉ်မှူးတွေ မောင်းနှင်နိုင်အောင် ဗြိတိန်မှာ သင်တန်းပေးမယ့် အစီအစဉ် အသစ်တွေ ကြေညာထားပါသေးတယ်။

ဗြိတိန် အစိုးရရဲ့ အဆိုအရ ယူကရိန်း စစ်သားတွေကို ကဏ္ဍပေါင်းစုံအတွက် လေ့ကျင့်ပေးမှုတွေကို အခုနှစ်မှာ အရှိန်မြှင့်တင်ပြီး စုစုပေါင်း ယူကရိန်း စစ်သည် ၂၀၀၀၀ လောက်ထိကို လက်ခံပေးသွားမယ်လို့ သိရပါတယ်။

You May Also Like

သတင်း

ပြီးခဲ့သည့် သီတင်းပတ်ကတည်းက လန်ဒန်သို့ရောက်ရှိနေသော ဝန်ကြီးဒေါ်ဇင်မာအောင်သည် ၎င်း၏ ယူကေခရီးစဥ်အတွင်း အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း ဆက်လက် တွေ့ဆုံ၍ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဒေးဗစ် အာရက်ခ်ဟာမီရာက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ဆုံးဖြတ်ချက် တစ်ခုလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။

နိုင်ငံတကာ

ဂျာမနီဟာ ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေရဲ့ အစဉ်တစိုက် ဖိအားပေး တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ လကမှ လိုက်လျော သဘောတူပြီး ကိုယ်တိုင်က Leopard 2 ၁၄ စီးပေးပို့မယ့်အပြင် တခြားနိုင်ငံတွေက ဝယ်ယူထားတဲ့ Leopard 2တွေ ယူကရိန်းဆီ လက်လွှဲပေးဖို့ကိုပါ ခွင့်ပြုခဲ့ပါတယ်။

ဗီဒီယို

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မီလန်နိုဗစ်ရဲ့ စကားဟာ တာဝန်မဲ့ပြီး လက်မခံနိုင်စရာ ဖြစ်နေတယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။ ပင်လယ်နက်နဲ့ ထိစပ်နေရာ ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ ထိန်းချုပ်ပြီးကတည်းက လုံးဝ လက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ ရုရှားကလည်း ပြောဆိုဖူးပါတယ်။