Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်းကို တင့်ကားတွေ ပေးပို့ဖို့ လိုက်လျော သဘောတူကြတော့မယ့် ဂျာမနီနဲ့ အမေရိကန်

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ရုရှားကို နောက်တစ်ကြိမ် ပေါ်ပေါ်ထင်ထင် ရန်စလိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

ယူကရိန်းရဲ့ ကာလရှည်ကြာ တောင်းဆိုနေမှုကို လိုက်လျောပြီး အမေရိကန်နဲ့ ဂျာမနီတို့ဟာ တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့ဖို့ စတင် စီစဉ်နေကြောင်း သိရပါတယ်။

တရားဝင် မကြေညာသေးပေမယ့် အနောက်မဟာမိတ် နိုင်ငံနှစ်ခုရဲ့ အစိုးရ အရာရှိ တချို့က အမေရိကန်နဲ့ ဂျာမနီရဲ့ အဓိက တိုက်ပွဲဝင် တင့်ကားကြီးတွေကို ဂျာမနီက လက်ခံရရှိဖို့ သေချာသလောက် ဖြစ်လာပြီလို့ မှတ်ချက် ပေးခဲ့ပါတယ်။

သတင်းတွေအရ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရဟာ M1 Abrams တင့်ကား အစီး ၃၀ လောက်ထိ ယူကရိန်းကို လက်လွှဲပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဂျာမနီ အဓိပတိ အိုလက်ဖ် ရှော့ဇ်ကလည်း ဂျာမနီ စစ်တပ်ရဲ့ Leopard 2 တင့်ကား ၁၄ စီးထက် မနည်းကို ယူကရိန်းဆီ ပို့ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။

အစောပိုင်းက အဲဒီ နှစ်နိုင်ငံဟာ ကာကွယ်ရေး လက်နက် မဟုတ်တဲ့ တင့်ကားတွေကို ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ စစ်မြေပြင်မှာ ရုရှားရဲ့ သံချပ်ကာ တိုက်ခိုက်ရေး စွမ်းရည်ကို ယှဉ်ပြိုင်ဖို့အတွက် အနောက်နိုင်ငံလုပ် အကြီးစား တင့်ကားတွေ လိုအပ်တယ်လို့ တဖွဖွ ပြောဆိုထားပါတယ်။

အမေရိကန်နဲ့ ဂျာမနီတို့က ယူကရိန်းကို တင့်ကားတွေ ပေးပို့ခြင်းဟာ တခြား အနောက်မဟာမိတ် နိုင်ငံတွေကပါ အဲဒီ လမ်းကြောင်းအတိုင်း လိုက်လာဖို့ တွန်းအား ဖြစ်လာစေနိုင်ပါတယ်။ အစောပိုင်းတုန်းက ဗြိတိန် စစ်တပ်ကလည်း သူတို့ရဲ့ Challenger 2 တင့်ကား ၁၄ စီးကို ယူကရိန်းဆီ ပေးပို့မယ်လို့ ကြေညာထားပြီးသားပါ။ အဲဒီထဲက ၂ စီးက ယူကရိန်းကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

အမေရိကန် စစ်ဘက် အရာရှိ တချို့ကတော့ နည်းပညာ အဆင့်မြင့်ပြီး တန်ဖိုးလည်းကြီးတဲ့ Abramsတွေကို ကိုင်တွယ် မောင်းနှင်ဖို့အတွက် ယူကရိန်း စစ်သည်တွေဟာ အထူးတလည် လေ့ကျင့်မှုတွေနဲ့ စဉ်ဆက်မပြတ် ပြုပြင် ထိန်းသိမ်းမှုတွေ လိုအပ်လိမ့်မယ်လို့ မှတ်ချက် ပေးထားပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ဟာ ရုရှားကို နောက်တစ်ကြိမ် ပေါ်ပေါ်ထင်ထင် ရန်စလိုက်တာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

လောလောဆယ်မှာတော့ ဂျာမနီရဲ့ Leopard 2 တင့်ကားတွေ ဝယ်ယူထားတဲ့ ပိုလန်နဲ့ တခြားနိုင်ငံတွေ စုစည်းပြီး သူတို့ရဲ့ တင့်ကားတွေကို ယူကရိန်းဆီ ထောက်ပံ့ပေးဖို့ ပြင်ဆင်နေပေမယ့် လုပ်ထုံးလုပ်နည်းအရ ဂျာမနီဆီက ခွင့်ပြုချက် တောင်းခံဖို့ လိုအပ်နေဆဲလို့လည်း သိရပါတယ်။

You May Also Like

ဗီဒီယို

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အစိုးရရဲ့ အရေးပါတဲ့ ရုံးဌာနတွေနားမှာ ကာကွယ်ရေး အစီအမံတွေ တိုးမြှင့်ထားတယ်လို့ အတည်ပြုပေမယ့် ပူတင်ရဲ့ အိမ်နားမှာ လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ချထားတယ် ဆိုတာကိုတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

သတင်း

Fortify Rights အဖွဲ့နဲ့ ဂျာမနီ နိုင်ငံရောက် လူပုဂ္ဂိုလ် ၁၆ ဦးတို့ဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ တုန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အခုလို တိုင်ချက်ဖွင့်ခဲ့တာပါ။

နိုင်ငံတကာ

နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်က ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံတွေမှာ မြောက်ကိုရီးယားက ပြန်ထွက်လာတဲ့ ရုရှား ရထားတွဲတွေဟာ ပခုံးထမ်း လောင်ချာနဲ့ ဒုံးကျည်တွေ တင်ဆောင်လာတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ပူတင် သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ပြောတာလား၊ ဒါမှမဟုတ် ပူတင်ဟာ ရုရှားရဲ့ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ မဟုတ်တော့ဘူးလို့ ရည်ညွှန်းချင်တာလား ဆိုတာကတော့ သိပ်မသဲကွဲပါဘူး။ ဇီလန်စကီးဟာ အဲဒီမှတ်ချက်ကို စကားပြန်ကနေတဆင့် ပေးခဲ့တာပါ။