Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ခရိုင်းမီးယားကို ယူကရိန်း ပြန်မရနိုင်ဘူးဆိုတဲ့ ခရိုအေးရှား သမ္မတ မှတ်ချက်ကို ယူကရိန်း အစိုးရ ကန့်ကွက်

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မီလန်နိုဗစ်ရဲ့ စကားဟာ တာဝန်မဲ့ပြီး လက်မခံနိုင်စရာ ဖြစ်နေတယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။ ပင်လယ်နက်နဲ့ ထိစပ်နေရာ ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ ထိန်းချုပ်ပြီးကတည်းက လုံးဝ လက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ ရုရှားကလည်း ပြောဆိုဖူးပါတယ်။

ရုရှား ထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ပတ်သက်လို့ အငြင်းပွားစရာ မှတ်ချက် စကားတစ်ခွန်း ပြောဆိုခဲ့တဲ့ ခရိုအေးရှား သမ္မတကို ယူကရိန်း အစိုးရက တုံ့ပြန် ကန့်ကွက်သွားခဲ့ပါတယ်။

ခရိုအေးရှား သမ္မတ ဇိုရန် မီလန်နိုဗစ်က ယူကရိန်း အနေနဲ့ ခရိုင်းမီးယားကို ဘယ်တော့မှ ပြန်မရနိုင်လောက်တော့ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို လက်ရှိ စစ်ပွဲ မတိုင်ခင် ၂၀၁၄ ခုနှစ်မှာ ကတည်းက ရုရှားတပ်တွေက အင်အားသုံး ကျူးကျော် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနက မီလန်နိုဗစ်ရဲ့ စကားဟာ တာဝန်မဲ့ပြီး လက်မခံနိုင်စရာ ဖြစ်နေတယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။ ပင်လယ်နက်နဲ့ ထိစပ်နေရာ ခရိုင်းမီးယား ဒေသကို ၂၀၁၄ မှာ ထိန်းချုပ်ပြီးကတည်းက လုံးဝ လက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ ရုရှားကလည်း ပြောဆိုဖူးပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာတော့ ခရိုအေးရှား သမ္မတက ယူကရိန်းဆီ စစ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေအကြောင်း ရှင်းလင်း ပြောဆိုရာမှာ ခရိုင်းမီးယားကတော့ ယူကရိန်းရဲ့ အစိတ်အပိုင်း ဘယ်တော့မှ ပြန်ဖြစ်မလာတော့မှာ အရမ်းသိသာနေတယ်လို့ မှတ်ချက် ပေးမိခဲ့တာပါ။

ဒီစကားဟာ လက်မခံနိုင်စရာ ဖြစ်နေကြောင်း၊ ခရိုအေးရှား သမ္မတရဲ့ မှတ်ချက်က ယူကရိန်းရဲ့ အချုပ်အခြာအာဏာ စစ်မှန်မှုအပေါ် သံသယနဲ့ မေးခွန်းထုတ်တဲ့ သဘော ဆောင်နေကြောင်း ယူကရိန်းဖက်က တုံ့ပြန်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန် ကတည်းက ယူကရိန်းနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ အတွက်တော့ ခရိုအေးရှား သမ္မတကိုရော၊ ပြည်သူတွေကိုပါ ကျေးဇူးတင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

You May Also Like

ဗီဒီယို

ယူကရိန်းဟာ ဆိုဗီယက် နည်းပညာသုံး သက်တမ်းရင့် တိုက်လေယာဉ်တွေကိုသာ အဓိက အားကိုးနေရပြီး ရုရှားရဲ့ လေကြောင်းအင်အား သာလွန်မှုကို တွန်းလှန်ဖို့ ရုန်းကန်နေရတာကြောင့် F-16တွေ အပါအဝင် အနောက်နိုင်ငံ နည်းပညာသုံး စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေကို အလိုရှိနေတာ ဖြစ်ပါတယ်။

သတင်း

အဲဒီနောက် ရုရှားပိုင် ယူရယ်လ် ဒေသမှာ အခြေစိုက်တဲ့ ရုရှား စီးပွားရေး ကုမ္ပဏီ တစ်ခုက ရုရှား စစ်သားတွေသာ စစ်မြေပြင်ရောက် Abramsနဲ့ Leopard 2 တင့်ကားတွေကို ဖျက်ဆီးနိုင်ရင်၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်ရင် ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်မှာတော့ အမေရိကန်ကလည်း ယူကရိန်းအတွက် M1 Abrams တင့်ကား ၃၁ စီး ပံ့ပိုးပေးဖို့ ကတိပြုထားပေမယ့် တိုက်လေယာဉ်တွေ ပို့ဆောင်မယ့် အလားအလာတော့ မရှိသေးပါဘူး။

နိုင်ငံတကာ

တစ်ဖက်မှာလည်း အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ရုရှားအတွက် လက်နက်ကြီး ကျည်ဆန်တွေနဲ့ တခြား ခဲယမ်းမီးကျောက်တွေ ပေးပို့နေကြောင်း စွပ်စွဲထားပြီး မြောက်ကိုရီးယားကတော့ ငြင်းဆိုထားပါတယ်။