Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူအပြောင်းအလဲ ဖြစ်လာမယ့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရာထူး

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဒေးဗစ် အာရက်ခ်ဟာမီရာက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ဆုံးဖြတ်ချက် တစ်ခုလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။

လူအပြောင်းအလဲ ဖြစ်လာမယ့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရာထူး
လူအပြောင်းအလဲ ဖြစ်လာမယ့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရာထူး

ယူကရိန်း အစိုးရဟာ လက်ရှိ ကာကွယ်ရေး ဝန်ကြီးနေရာကို အပြောင်းအလဲ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက အချက်အခြာ မြို့တစ်ခုဖြစ်တဲ့ ဘက်ခ်မတ်နားကို ရုရှားတပ်တွေ ဆက်တိုက် ထိုးဖောက် ချီတက်လာတဲ့နောက် လက်ရှိ ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ဟာ ဖိအားတွေကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဒေးဗစ် အာရက်ခ်ဟာမီရာက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ဆုံးဖြတ်ချက် တစ်ခုလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ မျက်မှောက် ကာလမျိုးမှာ ကာကွယ်ရေး ဝန်ကြီး နေရာဟာ အရပ်သား နိုင်ငံရေးသမား တစ်ဦးထက် စစ်ဘက်ရေးရာ အတွေ့အကြုံ ရှိသူတစ်ဦး ဖြစ်သင့်တယ်လို့ ဇီလန်စကီးက ယူဆထားကြောင်း အာရက်ခ် ဟာမီရာက ဆက်ပြောပါတယ်။

သတင်းတွေအရ ဇီလန်စကီးဟာ ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် လက်ရှိ စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်ကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။ ရက်ဇ်နီကော့ဗ်ကတော့ အစိုးရရဲ့ မဟာဗျူဟာ စက်မှုလုပ်ငန်း ဝန်ကြီး ဖြစ်လာဖို့ အလားအလာ များနေပါတယ်။ သူဟာ စစ်မှုထမ်း အတွေ့အကြုံ နောက်ခံ မရှိဘဲ ရှေ့နေ တစ်ဦးမျှသာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ စစ်ရေးနဲ့ ပတ်သက်လို့ မူဝါဒတွေ ပိုမို အားကောင်းဖို့၊ ပိုပြီး ကျစ်ကျစ်လစ်လစ် စုစည်းဖို့ လိုအပ်နေပြီလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။ အာရက်ခ် ဟာမီရာရဲ့ ထုတ်ပြန်ချက်ကို ရက်ဇ်နီကောဗ့်က ဘာမှ မဖြေရှင်းသေးပေမယ့် သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး သက်တမ်းက သိပ်မကြာလောက်တော့ဘူးလို့တော့ အစောပိုင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောထားဖူးပါတယ်။

သူဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ မစခင် လပိုင်းအလို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အဲဒီ ရာထူးကို လက်ခံ ရယူခဲ့တာပါ။ စစ်ပွဲ ကာလအတွင်း ရက်ဇ်နီကော့ဗ်ဟာ အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက် အကူအညီတွေ ရရှိဖို့အတွက် အရေးကြီးတဲ့ စေ့စပ် ညှိနှိုင်းမှုတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

You May Also Like

သတင်း

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ တာဝန်ခွဲဝေမှု ၊ပူးပေါင်းဆောင်ရွက် မှုများဖြင့် စစ်ရေးစီမံချက်များကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

သတင်း

လက်နက်တပ်ဆင်မှု အပိုင်းတွင်လည်း မဟာဗျူဟာမြောက် တပ်ဖြန့်မှု နှင့် ဆက်စပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။အင်အား တည်ဆောက်ပြီး၊ တပ်ဖြန့်နေရာယူပြီး ပါက ဒေသတိုင်း၌ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

သတင်း

အခြားနည်းလမ်းများကိုလည်း တစ်ပြိုင်တည်း ပြင်ဆင်ဆောင်ရွက်နေသည်ဟုလည်းဆိုသည်။ နိုင်ငံတကာ၏ ပါဝင်မှု ပိုအားကောင်းလာပါကNo Fly Zone သတ်မှတ်​ပေးလာခြင်းအထိမျှော်လင့်လို့ရ​ကြောင်းလည်း ကာကွယ်​ရေးဝန်ကြီးက​ပြောသည်။

သတင်း

▪︎စစ်အုပ်ချုပ်ရေးကြေညာရမှုစစ်ကောင်စီအနေဖြင့်ထိန်းချုပ်နိုင်မှုများစွာအားနည်းကြောင်းဝန်ခံခြင်းဖြစ် ▪︎“ဒီမြို့နယ်တွေဆိုရင် စစ်ကောင်စီက သူ့တပ်ရှိတယ်ဆိုရင် တပ်ထဲက အပြင်တောင်မှ ထွက်ရဲတဲ့ မြို့နယ်တွေမဟုတ်တော့ဘူး” စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။...