မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်သစ်ပင်အောက်၌ခေတ္တ စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က မတ္တရာမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာလမ်းဆုံကို ကားနှစ်စီးဖြင့် လာချသွားသော အင်အား ၂၆ ဦးပါ စစ်ကောင်စီ တပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လမ်းဆုံမှာ ကားနဲ့ချတယ်။ ရှေ့ပြေးနှစ်ယောက်လွှတ်ပြီး မအူပင်အောက်မှာအုပ်စုလိုက်စောင့်ဆိုင်းနေတဲ့အချိန်မှာ ဘေးနားကို ကျရောက်ပေါက်ကွဲခဲ့တာပါ။”ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။
နယ်မြေခံများပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်၄ ဦးပွဲချင်းပြီး သေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။
ထိခိုက်သေဆုံးသူများအား နာရေးယာဥ်နှင့် သုံးဘီးဆိုင်ကယ်များဖြင့် တင်ဆောင်သွားကြထပ်မံတိုက်ခိုက်ရန် ကြိုးစားသော်လည်း အနီးနားက မိသားစု နှစ်စုကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းစစ်အုပ်စုထိခိုက်သေဆုံးမှုအရေအတွက်မှာနယ်မြေခံ၏ ပြောကြားချက်ဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းနှင့် ပြန်ကြားရေးတာဝန်ခံကပြောသည်။ အသုံးပြုခဲ့သော ဗုံးသီးမှာ PDF များထုတ်လုပ်ထားသော လက်လုပ်ဗုံးသီးဖြစ်ပြီး ၊ဗုံးသီးတစ်လုံးမှာ သစ်ပင်နားသို့ အနီးကပ်ကျရောက်ပေါက်ကွဲသည်ကို ရုပ်သံဖိုင်တွင်တွေ့ရသည်။
စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုကို People’s Spring ကလည်းသိးခြားအတည်မပြုနိုင်သေးပါ။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် အတက်နိုင်ဆုံး ဝေးရာတွင်နေထိုင်ကြရန် Unicorn Guerrilla Force အဖွဲ့က ထပ်မံသတိပေးသည်။
