ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်ဒေသ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်ဟုချင်းဒေသကာကွယ်ရေးတပ်-ဇိုတုန်(CDF-Zotung)ကထုတ်ပြန်သည်။
ယနေ့(ဖေဖော်ဝါရီ ၈ရက်) နေ့လည် ၁၂နာရီမှ မွန်းလွဲ ၂ နာရီ အတွင်း တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့ပြီး မောင်းပြန် သေနတ် ၂လက် သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးထားသည်။
တိုက်ပွဲတွင် CDF-Zotung နှင့် ပူးပေါင်းတပ်ဖွဲ့၀င်များ ထိခိုက်မှု မရှိဟုလည်းဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ရေဇွာမှ မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာ တစ်ရွာတွင် တပ်စွဲညအိပ်လျက်ရှိကြောင်း၊ ဇိုတုန် ဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ရေဇွာ – မတူပီ ကြားခရီးသွားလာခြင်း မပြုရန် အသိပေးထားသည်။
မတူပီမြို့နယ်တွင် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။
