အာဏာသိမ်း စစ်ကောင်စီအဖွဲ့ရုံးများစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် လျှပ်စစ် တာဝါတိုင် ၉ခုကို ကရင်နီ၏အမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်းအမှတ်(၁၁) မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အဆိုပါတပ် ဖယ်ခုံဇုန်က ထုတ်ပြန်သည်။
ထိုသို့ ထုတ်ပြန်ရာတွင် မဟာဓာတ်အားလိုင်း သွယ်တန်းရာ တာဝါတိုင်အချို့ကို မိုင်းခွဲ ဖြိုလှဲခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့သည်။

“ကျွန်တော်တို့မြေပေါ်မှာ ဂုတ်သွေးစုပ်ရပ်တည်ပြီး လူတစ်စုဆီအလင်းရအောင်ပို့ပေးတဲ့ လျှပ်စစ်မီးများ အဓွန့်မရှည်စေရ။ စစ်တပ်ထောက် တိုင်မှန်သမျှ ဖျက်စီးကြ။ စစ်အုပ်ချုပ်ရေး အလိုမရှိ။ အဆုံးထိ တော်လှန်ကြ။ တိုက်ခိုက်ကြ။”ဟု KNDF ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။
KNDF တပ်ရင်း (၁၁)သည် ဖယ်ခုံအခြေစိုက် တပ်ရင်းတစ်ခု ဖြစ်သည်။
