ရွေးကောက်ပွဲအတွက် လူဦးရေ မဲစာရင်းကောက်ရာမှာ လျာထားတဲ့အိမ်ထောင်စု တွေရဲ့ ၈၆ ရာခိုင်နှုန်း ကျော်ကို ကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ရဲ့လဝက ဝန်ကြီးက ပြောလိုက်ပါတယ်။
ဒီလိုစာရင်းကောက်တာ ကို ရက်ပေါင်း ၂၀ အတွင်း ကောက်ယူခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၉၉ ရာခိုင်ကျော်ကောက်ယူပြီးစီးခဲ့တယ်လို့ စစ်ကောင်စီလဝက ဝန်ကြီးကဆိုပါတယ်။
ဒါပေမယ့် ဘယ်ပြည်နယ်နဲ့တိုင်းတွေမှာကောက်ယူခဲ့တာ ၊အိမ်ထောင်စု စုစုပေါင်း ဘယ်လောက်ပမာဏာကို ကောက်ယူနိုင်ခဲ့တယ်ဆိုတာကို စစ်ကောင်စီလဝက ကထုတ်မပြောပါဘူး။
တော်လှန်ရေးအင်အားစုတွေအားကောင်းတဲ့ စစ်ကိုင်း ၊ကယား ၊ချင်း ၊ကရင် စတဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က ကွင်းဆင်းမကောက်ယူနိုင်ခဲ့ပါဘူး။
စစ်ကောင်စီလက်အောက်ခံ ထွေအုပ် ၊လဝက နဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတွေ စာရင်းကောက်ယူနိုင်ဖို့ စစ်တပ်နဲ့ ရဲက လုံခြုံရေးယူပေးရတာတွေရှိခဲ့ပါတယ်။
