မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး တွေ ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခံရပြီး ၈ ဦးသေဆုံးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
မန္တလေး မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ ပစ်ခတ်ခံရမှုဟာ ပုသိမ်ကြီးမြို့နယ်ထဲမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။
သေဆုံးသူ ၈ ဦးမှာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၆ ဦးနဲ့ ရာအိမ်မှူး ၂ ဦး ပါဝင်တယ်လို့ ပုသိမ်ကြီးမြို့နယ်မှာနေထိုင်သူတွေကပြောပါတယ်။
ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ရေကြည်၊ မဲကင်းကုန်း၊ ရှင်တော်ကုန်း၊ငွေတောင်ရွာစတဲ့ကျေးရွာတွေက ဖြစ်ပါတယ်။
မြို့မရပ်ကွက်နဲ့ ကျောက်မီးကျေးရွာက အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နီးစပ်သူတွေကပြောပါတယ်။
