ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ငလိုင်ကျေးရွာရှိ ရှေ့တန်းစခန်းအား စီးနင်းတိုက်ခိုက်သည့် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသည်။
မတူပီမြို့နယ် ငလိုင်ကျေးရွာမှာရှိ CDF မတူပီ၏ ရှေ့တန်းစခန်းတစ်ခုကို စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီ ၁၅ရက်)တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီက ရွာကို ခြေကုပ်ယူထားတဲ့အခြေအနေပါ”ဟု CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကျဆုံးရဲဘော်သည် ဇန်နဝါရီ ၁၅ရက်က တိုက်ပွဲတွင် ပျောက်ဆုံးနေရာမှ ယနေ့(ဇန်နဝါရီ ၁၅ရက်) ရုပ်အလောင်းအား ပြန်ရှာတွေ့ခံ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း CDF မတူပီ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
မတူပီ – ဟားခါးလမ်းပိုင်းတွင်လည်း အချိန်မရွေး တိုက်ပွဲဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။
