အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည်ဟု ဒေသခံများပြော
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည်ဟု ယူဆရသည့် ငုံးဥပြုတ်သည် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာများဖြင့် လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရွှေဘိုမြို့၊ ပန်းခြံတောင်ဘက်ရှိ လမ်းဘေးတွင် ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ် ထိုင်ရောင်းလေ့ရှိသည့် အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ယမန်နေ့ (ဇန်နဝါရီ ၁၂ရက်)ညပိုင်းက ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယနေ့တွင် မြို့ရှောင်လမ်းဘေး လယ်ကွင်းအတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသောရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မနေ့ညက ဆိုင်သိမ်းချိန် ပြန်လာနေကျအချိန် ၇နာရီခန့် ပြန်ရောက်မလာမှ ပျောက်မှန်းသိရကြောင်း ပြောပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ကလေးငယ်၏ ရုပ်အလောင်းအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရသည်ဟု ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဥပဒေမဲ့ သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်။
