မန္တလေးမြို့၊ အမရပူရမြို့နယ် အတွင်းက ပုထိုးတော်ကြီး ဘုရားအနီးမှာ စစ်ကောင်စီ ရဲ့ ကင်းလှည့် ကား၂ စီးကို ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့က ညနေပိုင်း ၄ နာရီခန့် ပုထိုးတော်ကြီးဘုရား အရှေ့ဘက်ပေါက် ခေါင်းလောင်းကြီးအနီး စစ်ကောင်စီရဲ့ Double Cub ၂ စီး ဖြတ်သန်းသွားချိန်မှာ မိုင်းဆွဲခဲ့တာလို့ No More Dictatorship People Defence Force – NMD PDF က သတင်း ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကား ၁ စီးထိခိုက်သွားတယ်လို့လည်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ NMD PDF ကဆိုထားပါတယ်။
ဓာတ်ပုံ − AP
