မန္တလေးမြို့၊ အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒုတပ်ကြပ် သူရအောင် ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြစ်ငယ် PDF က ထုတ်ပြန်ပါတယ်။
ပစ်ခတ်ခံရသူ ရဲဒုတပ်ကြပ် ဟာ မြို့နယ်ရဲတပ်မှူးရုံးက ယာဉ်မောင်းဖြစ်တယ်လို့သိရပါတယ်။
မြစ်ငယ် PDF ရဲ့ထုတ်ပြန်ချက်မှာတော့ နိုဝင်ဘာလ ၇ ရက်က သောက်စားပြီးပြန်လာချိန်မှာ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ရှင်းလင်းပြီးနောက် ဧရာဝတီမြစ်ထဲ ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။
ရဲဒုတပ်ကြပ်ထံကနေ ကျည် အတောင့် ၉၀ ကျော် ၊ပိုက်ဆံ ၈သောင်း၇ ထောင်ကျော် ၊ဖုန်းတစ်လုံးနဲ့ လက်စွပ်တစ်ကွင်းကိုသိမ်းဆည်းရမိတယ်လို့မြစ်ငယ် PDF က ဓာတ်ပုံနဲ့ထုတ်ပြန်တာတွေ့ရပါတယ်။
