Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိပေမယ့် ဆန္ဒပြ ပြည်သူတွေကို အီရန် ဆက်ပြီး ကွပ်မျက်နေဆဲ

ကာရာမီရဲ့ ရှေ့နေတစ်ဦးကတော့ သူ့အမှုသည်ဟာ ကွပ်မျက် မခံရခင်မှာ မိသားစုနဲ့တောင် တွေ့ခွင့် မရခဲ့ဘူးလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး သူ့အတွက် ကြိုးစားပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေရဲ့ ကိုယ်စားပြုခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် ကာရာမီဟာ အစာခြောက်တွေသာ စားပြီး ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိပေမယ့် ဆန္ဒပြ ပြည်သူတွေကို အီရန် ဆက်ပြီး ကွပ်မျက်နေဆဲ
နိုင်ငံတကာ ဖိအားပေးမှုတွေ ရှိပေမယ့် ဆန္ဒပြ ပြည်သူတွေကို အီရန် ဆက်ပြီး ကွပ်မျက်နေဆဲ

နိုင်ငံတကာ ဝေဖန်ရှုတ်ချမှုတွေ ရှိနေပေမယ့်လည်း အီရန်အစိုးရဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဆက်ပြီး ကွပ်မျက်နေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ ရက်မှာ နောက်ထပ် ဆန္ဒပြသူ လူငယ်နှစ်ဦးကို အီရန်က သေဒဏ်စီရင် ကွပ်မျက်လိုက်ကြောင်း သိရပါတယ်။ အီရန်မှာ ဘာသာရေးရဲတွေရဲ့ အကြမ်းဖက် ဖမ်းဆီး ချုပ်နှောင်မှုကြောင့် အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် အီရန်မှာ ဆန္ဒပြသူတွေကို အစိုးရက ကွပ်မျက်နေတာ ၄ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။ မိုဟာမက် မာဟ်ဒီ ကာရာမီနဲ့ ဆေယက်ဒ် မိုဟာမက် ဟိုစိန်နီတို့ နှစ်ဦးဟာ အီရန် အစိုးရ ဘက်တော်သား လုံခြုံရေး အရန်တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံရပြီး လူသတ်မှုနဲ့ တရားစွဲ ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ ကရာတေး နည်းပြ တစ်ဦးနဲ့ ကလေးတွေကို စေတနာ့အလျောက် ကူညီနေတဲ့ စေတနာ့ဝန်ထမ်း အားကစား နည်းပြတစ်ဦးတို့ ဖြစ်ကြပါတယ်။

သူတို့ဟာ နိုဝင်ဘာ ၃ ရက်က အစိုးရ အလိုတော်ရိ ဘာဆက်ဂျ် အရန်တပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားရုံးက စွပ်စွဲပါတယ်။ ဘာဆက်ဂျ်တွေဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ အာဏာပိုင်တွေကို မျက်နှာလိုအားရ ကူညီနေတဲ့ အဖွဲ့တွေပါ။

ကာရာမီရဲ့ ရှေ့နေတစ်ဦးကတော့ သူ့အမှုသည်ဟာ ကွပ်မျက် မခံရခင်မှာ မိသားစုနဲ့တောင် တွေ့ခွင့် မရခဲ့ဘူးလို့ Twitterမှာ ရေးသားခဲ့ပါတယ်။ နောက်ပြီး သူ့အတွက် ကြိုးစားပေးနေတဲ့ ဥပဒေ အကျိုးဆောင်တွေရဲ့ ကိုယ်စားပြုခွင့်ကို ပိတ်ပင်ခဲ့တာကြောင့် ကာရာမီဟာ အစာခြောက်တွေသာ စားပြီး ဆန္ဒပြခဲ့သေးတယ်လို့ သိရပါတယ်။

လူငယ်နှစ်ဦးကို ကွပ်မျက်လိုက်တဲ့ ဖြစ်စဉ်အပြီး အီရန် အစိုးရ အနေနဲ့ အခုလိုမျိုး ဆန္ဒပြသူတွေကို သေဒဏ်စီရင် ကွပ်မျက်နေတာတွေ ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂတို့က ပိုမို ဖိအားပေး တောင်းဆိုလာကြပါတယ်။ အီရန်ဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့ ခုံရုံးတွေ ဖွဲ့စည်းပြီး ဆန္ဒပြသူတွေအပေါ် မတရားပြစ်ဒဏ်တွေ စီရင် ချမှတ်နေတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ အီရန်မှာ သေဒဏ် အမိန့်ချ ခံထားရတဲ့ နောက်ထပ် ဆန္ဒပြပြည်သူ ၄၁ ဦး ရှိနေသေးကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြောကြားထားပါတယ်။

You May Also Like

သတင်း

CDM ဆရာဝန်တွေ ၊သူနာပြုတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မန္တလေးမှာ ပဲ စစ်ကောင်စီတပ်ဟာ ဆေးခန်းပိုင်ရှင်ကိုဖမ်းပြီးဆေးခန်းကို ချိတ်ပိတ်တာတွေလည်းလုပ်ခဲ့ပါတယ်။

သတင်း

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ လူမဆန်သော စစ်တပ်၏ သတ်ဖြတ်မှုများအား ရပ်တန့်သွားရန်နှင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးရန် ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ

အီရန် အစိုးရ မီဒီယာက ရှက်ကာရီကို ဆူပူအုံကြွအောင် လှုံ့ဆော်သူ တစ်ဦးလို့လည်း စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းက အီရန် အစိုးရ အနေနဲ့ သေဒဏ် စီရင်ချက် ချမှတ်ထားတဲ့ ဆန္ဒပြသူတွေကို မကွပ်မျက်ဖို့ ဝိုင်းဝန်း ဖိအားပေးနေပေမယ့် အခုလို အခြေအနေတွေ ဖြစ်လာခဲ့တာပါ။

နိုင်ငံတကာ

ရုရှားဟာ အီရန်ရဲ့ ဒရုန်းတွေကို အောက်တိုဘာလမှာ စတင်သုံးစွဲခဲ့ပြီး ယူကရိန်းရဲ့ ဓာတ်အား ဖြန့်ဝေရေးနဲ့ တခြား အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အဓိက ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီ ဒရုန်း တိုက်ခိုက်မှုတွေအတွင်း ယူကရိန်း အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။