ဘင်္ဂလားဒေ့ရှ် ရေတပ်ဟာ ဒုံးကျည်စမ်းသပ်မှု တစ်ခုအပါအဝင် စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို အောင်အောင်မြင်မြင် ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဘင်္ဂလား ပင်လယ်အော်ထဲမှာ ငါး ရက်ကြာ ပြုလုပ်ခဲ့တဲ့ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတွေဟာ နိုဝင်ဘာ ၃၀ မှာ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ဘင်္ဂလားဒေ့ရှ် ရေတပ်ရဲ့ ကွဲပြားတဲ့ ရေယာဉ်တွေ၊ များပြားတဲ့ အမှုထမ်းတွေ ပူးပေါင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
စစ်ရေးလေ့ကျင့်မှုရဲ့နောက်ဆုံးအပိတ်နေ့ အစီအစဉ်တွေကိုတော့ ရေတပ်အကြီးအကဲသေနာပတိနက်ဇ်မူလ်ဟာဆန်ရဲ့ဖိတ်ကြားမှုကြောင့် ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ ဝန်ကြီးဌာန တချို့က အရာရှိတွေ တက်ရောက် ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီ အစိုးရ အရာရှိတွေဟာ ဟာဆန်နဲ့အတူ BNS Khalid Bin Walid စစ်သင်္ဘောပေါ်မှာ လိုက်ပါခဲ့ကြပြီး လေ့ကျင့်မှု နောက်ဆုံးနေ့ အခြေအနေတွေကို လေ့လာခဲ့ကြောင်း ရေတပ်က ထုတ်ပြန်ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ဖရီးဂိတ် စစ်သင်္ဘောတွေ၊ တိုက်ရေယာဉ်ငယ်တွေ၊ ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ်တွေ၊ မိုင်းရှင်းရေယာဉ်တွေ၊ ဒုံးကျည်တပ် သင်္ဘောတွေ အစုံအလင် ပူးပေါင်း ပါဝင်ခဲ့သလို ရေတပ် ကင်းလှည့် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ရေတပ် အထူးကွန်မန်ဒိုတွေလည်း ချိတ်ဆက် လေ့ကျင့်ခဲ့ပါတယ်။
ရေတပ်ရဲ့လေ့ကျင့်မှုအစီအစဉ်ကိုဘင်္ဂလားဒေ့ရှ် လေတပ်၊ ကမ်းခြေ စောင့်တပ်နဲ့ တခြား ရေကြောင်း အေဂျင်စီတွေကလည်း တိုက်ရိုက် ပံ့ပိုးမှုတွေနဲ့ အားဖြည့် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာတော့ စစ်သင်္ဘောတွေရဲ့ နေရာရွှေ့ပြောင်း ခင်းကျင်းပြီး စစ်ကစားတာ၊ ပင်လယ်ပြင်ရဲ့ အရေးပါတဲ့ နေရာတွေမှာ ကင်းထောက်တာ၊ သယ်ယူပို့ဆောင်ရေး လက်တွေ့ လုပ်ဆောင်တာတွေ ထည့်သွင်း စီစဉ်ထားခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးပိတ် လေ့ကျင့်မှုတွေမှာတော့ ရေတပ်သင်္ဘောတွေကနေ ဒုံးကျည်တွေ ပစ်ခတ်တာ၊ ပခုံးထမ်း ဒုံးကျည်တွေကို အသုံးပြုပြီးဝေဟင်ပစ်မှတ်တွေကိုတိုက်ခိုက်တာ၊လေကြောင်းကာကွယ် ရေးလက်နက်တွေပစ်ခတ်တာ၊ဒရုန်းတွေကိစစ်ဆင်ရေးအတွက် အသုံးပြုတာ၊ ရေတပ် ကွန်မန်ဒိုတွေက ရဟတ်ယာဉ်တွေ အသုံးပြုပြီး စစ်ဆင်ရေး လုပ်ဆောင်တာတွေကို ထည့်သွင်း လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။
ကိုးကား – TBS
















































