close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီဂျစ်မှာအပျော်စီးရေငုပ်သင်္ဘောနစ်မြုပ်ပြီး၆ဦးသေဆုံး

ရုရှား ကမ္ဘာလှည့် ခရီးသည် အများစု လိုက်ပါသွားတဲ့ အပျော်စီး ရေငုပ်သင်္ဘောတစ်စီး အီဂျစ်မှာ နစ်မြုပ်ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုရှား ကမ္ဘာလှည့် ခရီးသည် အများစု လိုက်ပါသွားတဲ့ အပျော်စီး ရေငုပ်သင်္ဘောတစ်စီး အီဂျစ်မှာ နစ်မြုပ်ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၇ ရက်နေ့တုန်းက အီဂျစ်နိုင်ငံ အရှေ့ပိုင်း၊ ဟူဂါဒါ အပန်းဖြေ ကမ်းခြေမြို့နားက ပင်လယ်နီ ရေပြင်မှာ ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ် အစိုးရ မီဒီယာတွေက အပူတပြင်း ကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် လူ ၆ ဦး သေဆုံးတာကို အတည်ပြုထားပြီး ၂၁ ဦးကို ဆေးရုံ တင်ပို့ထားရကြောင်း ပြောပါတယ်။ အဲဒီထဲမှာ အသက် ၂ နှစ်ကနေ ၁၅ နှစ်ကြား ကလေး ၇ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ရုရှား သံရုံးကလည်း ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူ အများစုဟာ ရုရှားနိုင်ငံသား အပျော်ခရီး ထွက်လာသူတွေလို့ ထုတ်ပြန်ထားပါတယ်။ ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူတွေထဲက ၃၉ ဦးကို ကယ်ဆယ်ထားကြောင်းနဲ့ သေဆုံးသူ အားလုံးဟာ နိုင်ငံခြားသားတွေဖြစ်ကြောင်းလည်း အီဂျစ် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ရေငုပ်သင်္ဘောဟာ ကမ်းခြေနဲ့ ၁ ကီလိုမီတာလောက် အကွာမှာ စက်ချွတ်ယွင်း နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ ရုရှား သံရုံးက ကြေညာပါတယ်။ အဲဒီ ရေငုပ်သင်္ဘောဟာ အနီးတဝိုက်က သန္တာကျောက်တန်းတွေရဲ့ ရှုခင်းအလှအပတွေကို ကြည့်ရှုဖို့ ပုံမှန် လှည့်လည် သွားလာနေကျလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟူဂါဒါဟာ ပင်လယ်နီ ကမ်းခြေနဲ့ ထိစပ်နေရာ အကျော်ကြားဆုံး အပန်းဖြေ မြို့တစ်ခု ဖြစ်ပါတယ်။ 

ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ရေငုပ်သင်္ဘောကို ကိုင်တွယ် မောင်းနှင်သူတွေဟာ အထူးကျွမ်းကျင်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားသူတွေလို့ သက်ဆိုင်ရာ Sindbad ကုမ္ပဏီက ဆိုပါတယ်။

အဲဒီ ကုမ္ပဏီဟာ ခရီးသည် ၄၄ ဦး၊ မောင်းနှင်သူ ၂ ဦး လိုက်ပါနိုင်တဲ့ အပျော်စီး ရေငုပ်သင်္ဘော ၂ စီးကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ ရေအနက် ၂၅ မီတာလောက်ထိ ဆင်းသက်ပြီး မိနစ် ၄၀ လောက်ကြာအောင် ခုတ်မောင်း သွားလာနိုင်တယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီဂျစ်နိုင်ငံကမ်းလွန် ပင်လယ်နီ ရေပြင်မှာ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါသွားတဲ့ အပျော်စီး သင်္ဘော နစ်မြုပ်ပြီး လူ ၁၆ ဦး ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ ဖိအားပေးမှုနဲ့ ဒုက္ခသည်တွေ စုပြုံ ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် ဂါဇာ တောင်ပိုင်းက နယ်စပ်ဂိတ်ကို အီဂျစ်က စစ်ပွဲ စတင်တဲ့ အောက်တိုဘာ ၇ ရက်မှာ ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုအားလုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဗီဒီယို

အီဂျစ် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၈၀၄ မှာ တွဲဖက် လေယာဉ်မှူး အသုံးပြုရမယ့် အောက်စီဂျင် မျက်နှာဖုံးဟာ ခရီးစဉ် မတိုင်ခင် ၃ ရက်ကမှ အသစ်လဲထားပြီး အရေးပေါ် Mode သတ်မှတ်ထားခဲ့ကြောင်း၊ အဲဒီကနေ လေယာဉ်မှူး အခန်းထဲမှာ အောက်စီဂျင် စိမ့်ထွက်နေပြီး မီးတောက်နဲ့...