close
Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်း၌ စစ်ကားနှစ်စီးတိုက်ခိုက်ရာ တစ်စီးချောက်အတွင်းပြုတ်ကျဟု ပြည်ခရိုင်တပ်ရင်း ထုတ်ပြန်

ပဲခူးတိုင်း၊ ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ကားနှစ်စီးအား ကြားဖြတ်တိုက်ခိုက်ရာ တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ကြောင်း ပြည်ခရိုင် (၃၆၀၂ )တပ်ရင်းက ယနေ့ (မတ်လ ၂၈ရက်) ထုတ်ပြန်သည်။

ပေါက်ခေါင်း - အုတ်တွင်းလမ်းပိုင်း၌ စစ်ကောင်စီ၏ကားအား တိုက်ခိုက်မှုကြောင့် ချောက်အတွင်းပြုတ်ကျနေစဉ်။ ဓာတ်ပုံ - ပြည်ခရိုင် (၃၆၀၂ )တပ်ရင်း

မတ်-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊ ပေါက်ခေါင်း – အုတ်တွင်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ကားနှစ်စီးအား ကြားဖြတ်တိုက်ခိုက်ရာ တစ်စီးချောက်အတွင်းပြုတ်ကျခဲ့ကြောင်း ပြည်ခရိုင် (၃၆၀၂ )တပ်ရင်းက ယနေ့ (မတ်လ ၂၈ရက်) ထုတ်ပြန်သည်။

မတ်လ ၂၅ ရက် ည ၁၀နာရီခွဲခန့်တွင် ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာကြား၌ ပေါက်ခေါင်းမြို့ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီအင်အား ၃၀ခန့်ပါ စစ်ကားနှစ်စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

တိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီးချောက်အတွင်းပြုတ်ကျခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးပြီး ၁၂ဦးဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ်လ ၂ ရက်ကလည်း ပေါက်ခေါင်း-အုတ်တွင်း အမြန်လမ်းပိုင်းအနီး တောင်လည် တာဝါတိုင်အထိုင်းစခန်းမှလာသည့် စစ်ကောင်စီတပ်သား ၆၀ ခန့်ပါ စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးပြီး ပြည်ခရိုင် (၃၆၀၂ )တပ်ရင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်စဥ် အချက်အလက်ကိုမူ (၃၆၀၂)တပ်ရင်းထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

ပြည်သူများအနေဖြင့် ယခုအချိန်သည် နိုင်ငံတစ်ဝန်းစစ်ရေးအရှိန်မြင့်လာသည့်အတွက် တိုက်ပွဲသတင်း၊လေကြောင်းရန်ကာကွယ်ရေး အပါအဝင် စစ်ဘေးရှောင်ရာတွင် ဆောင်ရန်၊ရှောင်ရန် အချက်အလက်များကို သတိပြုရန်လည်း ပြည်ခရိုင် (၃၆၀၂)တပ်ရင်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ