close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီ ဘောလုံးပရိသတ်တွေအတွက် အမှတ်မထင် သူရဲကောင်း ဖြစ်ခဲ့တဲ့ ဘောကောက်လူငယ်လေး

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ယှဉ်ပြိုင်တဲ့ ဥရောပ နိုင်ငံများ အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာ နာမည်ကြီး ဂျာမနီဟာ အီတလီ အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ်အရ အကြိုဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာတော့ ဂျာမနီ ပရိသတ်တွေက သူရဲကောင်း တစ်ယောက်လို အထူးတလည် ချီးကျူးတာ ခံရသူဟာ လက်ရွေးစင် ကစားသမားတွေ မဟုတ်ဘဲ အကင်းပါးလှတဲ့ ဆယ်ကျော်သက် ဘောကောက် လူငယ်လေးတစ်ဦး ဖြစ်လာပါတော့တယ်။

ပထမအကျော့မှာ အီတလီကို ၂-၁ နဲ့ အနိုင်ရထားတာကြောင့် ဂျာမနီဟာ နှစ်ကျော့ပေါင်း ၅ ဂိုး – ၄ ဂိုးနဲ့ အီတလီကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ မတ်လ ၂၃ ရက်နေ့က ဂျာမနီနိုင်ငံ၊ ဒေါ့မန်မြို့မှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာတော့ ပရိသတ်တွေ အမှတ်ရရ အရှိဆုံး အခိုက်အတန့် တစ်ခုဟာ ပွဲချိန် ၃၆ မိနစ်မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂိုးစည်းအပြင်ဖက်ကို ဘောလုံးထွက်သွားတဲ့အတွက် အီတလီအသင်းဟာ ထောင့်ကန်ဘော ကန်ခွင့် ပြုခဲ့ရပါတယ်။

အီတလီ ဂိုးသမား ဂီယန်လူဂီ ဒွန်နာရာမာက အသင်းဖော်တွေကို နေရာယူဖို့ လှမ်းပြောပြီး ညွှန်ကြားနေတဲ့ အချိန်မှာပဲ အသက် ၁၅ နှစ်အရွယ် ဘောကောက်လူငယ်လေး နိုဝယ်လ် အာဘန်နီရက်ခ်ဟာ ဂျာမန် ကွင်းလယ်လူ ဂျိုရှူအာကင်းမစ်ချ် ထောင့်ကန်ဘော ကန်နိုင်အောင် ဘောလုံးကို ခပ်မြန်မြန် လှမ်းပေးခဲ့ပါတယ်။ အီတလီ ကစားသမားတွေ သတိလက်လွတ် ဖြစ်နေတဲ့ စက္ကန့်ပိုင်းလေးမှာ အဲဒီဘောလုံးကို ကင်းမစ်ချ်က ကန်တင်ပေးလိုက်ပြီး အီတလီ ဂိုးပေါက်ရှေ့မှာ တစ်ယောက်တည်း ထီးတည်းကြီး ဖြစ်နေတဲ့ တိုက်စစ်သမား ဂျာမဲလ် မူဆီရာလာဆီ တန်းတန်းမတ်မတ် ရောက်သွားပါတယ်။ မူဆီရာလာက အကာအကွယ်မဲ့ ဂိုးပေါက်ထဲ ဘောလုံးကို ကန်သွင်းပြီး ဂျာမနီကို နှစ်ဂိုးအသာနဲ့ ဦးဆောင်ခွင့် ရစေခဲ့ပါတယ်။

ပွဲပြီးသွားတဲ့အခါ မီဒီယာတွေက အာဘန်နီရက်ခ်ရဲ့ ဖြတ်ထိုးဉာဏ်ကောင်းပြီး အကွက်မြင်မှုကြောင့် ဂျာမနီအသင်း ရခဲ့တဲ့ သွင်းဂိုးအကြောင်း တခုပ်တရ ချီးကျူး ရေးသားနေခဲ့ပါတယ်။ နောက်ပြီး ကင်းမစ်ချ်ကလည်း သူလက်မှတ်ထိုးထားတဲ့ ဘောလုံးတစ်လုံးကို ကောင်လေးဆီ လက်ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဘန်နီရက်ခ် ကိုယ်တိုင်ကတော့ ဂျာမနီရဲ့ ပွဲစဉ်တစ်ခုမှာ ပထမဆုံးအကြိမ် ဘောကောက်အဖြစ် တာဝန်ယူရချိန်မှာ အသင်းကို မမျှော်လင့်ဘဲ အကူအညီ ဖြစ်စေခဲ့လို့ အရမ်းပျော်တယ်လို့ ဆိုပါတယ်။

ထောင့်ကန်ဘောကန်ဖို့ လာနေတဲ့ ကင်းမစ်ချ်နဲ့ သူနဲ့ မျက်လုံးချင်း ခဏလေး ဆုံလိုက်ချိန်မှာတင် ကင်းမစ်ချ်က ဘောလုံးကို မြန်မြန် လိုချင်နေတယ် ဆိုတာကို ခံစားမိလိုက်ကြောင်း၊ ဒါကြောင့် ဘောလုံးကို အမြန်ဆုံး ပစ်ပေးလိုက်တာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

အီတလီကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့နောက် ဂျာမနီဟာ အကြိုဗိုလ်လုပွဲအဖြစ် ပေါ်တူဂီနဲ့ ရင်ဆိုင်ရမှာပါ။ တခြားတစ်ဖက်မှာတော့ ပြင်သစ်နဲ့ စပိန်တို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

ကိုးကား: ESPN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိပါတယ်။

နိုင်ငံတကာ

ဂျာမနီ ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးဝါဒီ ခရစ်ယာန် ဒီမိုကရက်တစ် ပါတီ အနိုင်ရခဲ့တဲ့နောက် ဖရိုင်းဒရစ်ချ် မားဇ်ဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းရေးကိစ္စ အင်တိုက်အားတိုက် ဆောင်ရွက်နေပါပြီ။

နိုင်ငံတကာ

ဗုံးခြိမ်းခြောက်မှုနဲ့ ကြုံတွေ့ခဲ့ပြီး အီတလီကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရတဲ့ အမေရိကန် လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ် လိုက်ပါလာသူ ၁၉၉ ဦးစလုံးကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကနေ အိန္ဒိယရဲ့ နယူးဒေလီဆီ ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ် တစ်စီးဟာ ဗုံးခြိမ်းခြောက်မှု တစ်ခုကြောင့် အရေးပေါ် ဆင်းသက်ဖို့ အီတလီကို လမ်းကြောင်းပြောင်း ပျံသန်းနေတယ်လို့ သိရပါတယ်။