မတ် – ၂၄ ၊ ၂၀၂၅။ မေ/People’s Spring
မကွေးတိုင်း၊ပေါက်မြို့နယ်၊ ရေနယ်နံမှော်အနီး နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၄ဦးခန့် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မတ်လ၂၄ရက် ဒီနေ့ နေ့လည် ၁၂နာရီ၄၅မိနစ်မှာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က နယ်သတ် ကျေးရွာကို စစ်ကောင်စီတပ်က Jet Fighter နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ပစ်ခတ်တာတွေပါပြုလုပ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ နေအိမ်တစ်လုံးမီး လောင်ဆုံးရှုံးခဲ့ပြီး ရွှေရင်အေး ရောင်းတဲ့ဈေးသည်ရဲ့ဆိုင်ကယ်လည်း မီးလောင်တဲ့အထဲ ပါသွားတယ်လို့သိရပါတယ်။

Public Service Announcement
ဒါ့အပြင် ဗုံးအစထိမှန်ဒဏ်ရာရသူ ၄ဦးထပ်မနည်းရှိခဲ့ပြီး အဲဒီအထဲက အသက်၃၅နှစ်အရွယ်အမျိုးသားဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
“အိမ်တွေကို သပ်သပ်လာကြဲတဲ့ပုံပါပဲ။ပထမတလုံးပ မှားချတာ။ရွာမြောက်ဘက်ကျပြီး ထန်းပင် တွေတောင် ပျက်ထွက်ကုန်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဖြစ်ပြီး PDFတပ်စွဲ နေထိုင်တဲ့နေရာလည်း မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ၂၃ရက် ညပိုင်းကလည်း စက်တပ်လေထီးနဲ့ လောင်းရှည်ရွာနဲ့ ဂွေးခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ သေးတယ်လို့ သိရပါတယ်။
