close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် ပညာရေး ဝန်ကြီးဌာနကို ပိတ်သိမ်းစေမယ့် အမိန့်ကို ထရမ့် လက်မှတ်ရေးထိုးမယ်လို့ဆို

အမေရိကန်ရဲ့ ပညာရေး ဝန်ကြီးဌာနကို ပိတ်သိမ်းစေဖို့ အမိန့် တစ်ရပ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုးသွားမယ်လို့ အိမ်ဖြူတော်ရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

U.S. President Donald Trump signs an executive order in the Oval Office of the White House in Washington, D.C., U.S., March 7, 2025. REUTERS/Evelyn Hockstein

အမေရိကန်ရဲ့ ပညာရေး ဝန်ကြီးဌာနကို ပိတ်သိမ်းစေဖို့ အမိန့် တစ်ရပ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ် ရေးထိုးသွားမယ်လို့ အိမ်ဖြူတော်ရဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

ပညာရေး ဝန်ကြီးဌာနကို ပိတ်သိမ်းဖို့ ဆိုတာဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲကြို ကတိတစ်ခုဖြစ်ပြီး လေ့လာစောင့်ကြည့်သူတွေက ကြိုတင် မျှော်လင့်ခန့်မှန်းထားတဲ့ အခြေအနေ တစ်ခုပါ။ သမ္မတရဲ့ လုပ်ငန်း ဆောင်ရွက်မှု အနှစ်ချုပ် စာရွက်စာတမ်းတွေကို Reuters သတင်းဌာနက လေ့လာခွင့် ရခဲ့ရာမှာတော့ မတ်လ ၂၀ ရက်နေ့မှာ ထရမ့်ဟာ အဲဒီကိစ္စ အကောင်အထည်ဖော်မယ့် အမိန့်ကို လက်မှတ် ရေးထိုးလိမ့်မယ်လို့ ပါရှိခဲ့ပါတယ်။

ထရမ့်က အဲဒီအမိန့်ကို တရားဝင် အသက်မသွင်းခင် ကတည်းက အတိုက်အခံ ဒီမိုကရက်တစ် ပါတီ ထိန်းချုပ်ရာ ပြည်နယ်တွေရဲ့ ရှေ့နေချုပ်တွေ စုဝေးပြီး ဝန်ကြီးဌာနကို ဖျက်သိမ်းမယ့် ကိစ္စရော၊ ဝန်ထမ်းအင်အား ထက်ဝက်လောက်ကို ထုတ်ပယ်မယ့် အစီအစဉ်ကိုပါ တားဆီးပေးဖို့ တရားရုံးမှာ လျှောက်ထား တောင်းဆိုထားပါတယ်။ ပညာရေး ဝန်ကြီးဌာနရဲ့ ဝန်ထမ်းအင်အား ထက်ဝက်လောက် လျှော့ချမယ့် ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် အစိုးရက ကြေညာထားပြီး ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လူသိများတဲ့ ပြည်သူ့အခွင့်အရေး လှုပ်ရှား တောင်းဆိုမှု အဖွဲ့တစ်ခုဖြစ်တဲ့ NAACPက ပညာရေး ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ထရမ့်ရဲ့ အစိုးရ လုပ်ဆောင်နေတဲ့ ကိစ္စတိုင်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီကြောင်း ဝေဖန် ရှုတ်ချထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ သူ့ရဲ့ မဟာမိတ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်တို့ဟာ အမေရိကန် အစိုးရရဲ့ အသုံးစရိတ်တွေကို ထိထိရောက်ရောက် လျှော့ချမယ်လို့ ကြွေးကြော်ပြီး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID)၊ အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM)တို့လို အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတွေကို ပိတ်သိမ်းပစ်ဖို့ လွှတ်တော် ထောက်ခံချက် မပါဘဲ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ပညာရေး ဝန်ကြီးဌာနကို ပိတ်သိမ်းမယ့် ကိစ္စကတော့ ဖက်ဒရယ် အစိုးရ ဝန်ကြီးဌာန တစ်ခုကို ပစ်မှတ်ထားတဲ့ ပထမဆုံး ခြေလှမ်း ဖြစ်လာပါတယ်။

လုပ်ထုံးလုပ်နည်းတွေအရ ထရမ့်ဟာ အစိုးရ ဝန်ကြီးဌာန တစ်ခုကို လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက် မပါဘဲ ပိတ်သိမ်းလို့ မရသလို အဲဒီကိစ္စကလည်း အတော်ကြီး ခက်ခဲမယ့် သဘောရှိပါတယ်။ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီဟာ အထက်လွှတ်တော် အမတ် ၅၃ နေရာကို ပိုင်ဆိုင်ထားပြီး ဒီမိုကရက်တွေရဲ့ ၄၇ နေရာထက် အသာစီး ရထားပါတယ်။ ဒါပေမဲ့လည်း ဝန်ကြီးဌာန တစ်ခုကို ဖျက်သိမ်းဖို့ဆိုတဲ့ ကိစ္စကြီးတွေမှာတော့ အထက်လွှတ်တော်ရဲ့ ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းထိ လိုအပ်တာကြောင့် ဒီကိစ္စ အထမြောက်ဖို့ဆိုရင် ဒီမိုကရက်တစ် အမတ် ၄၀ က ထရမ့်ကို ထောက်ခံမဲ ပေးမှရမယ့် သဘောပါ။ လောလောဆယ်တော့ ဒီမိုကရက်တစ် ပါတီဝင် အထက်လွှတ်တော် အမတ်အားလုံးက ပညာရေး ဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ လိုလားမှု မရှိကြပါဘူး။

ထရမ့်က ပညာရေး ဝန်ကြီးဌာနဟာ အမှန်တကယ် ထိရောက်တဲ့ လုပ်ငန်းလည်ပတ်မှု ဘာမှမရှိဘဲ ဟန်ပြသက်သက်လို့ စွပ်စွဲပြီး သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းကတည်းက ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ ထရမ့်က သူ့သဘောနဲ့ဆိုရင် အဲဒီ ဝန်ကြီးဌာနကို ချက်ချင်းတောင် ပိတ်ပစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

ပညာရေး ကဏ္ဍကို ဖက်ဒရယ် အစိုးရက ထိန်းချုပ်ထားတာဟာ အမေရိကန်ရဲ့ ကျောင်းသားတွေ၊ မိဘတွေနဲ့ ဆရာတွေအပေါ် တာဝန်မဲ့မှုအဖြစ် သမ္မတက ယူဆထားကြောင်း အိမ်ဖြူတော်ရဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနကနေ ပညာရေး ဝန်ကြီးဌာနကို သီးခြားခွဲထုတ် ဖွဲ့စည်းလိုက်တဲ့ ၁၉၇၉ ခုနှစ်ကစလို့ အဲဒီ ဝန်ကြီးဌာနဟာ ဒေါ်လာ ၃ ထရီလီယံ သုံးစွဲခဲ့ကြောင်း၊ ဒါပေမဲ့ ကျောင်းသားတွေရဲ့ ပညာရေး စံနှုန်း အဆင့်အတန်းတွေမှာ ထိရောက်တဲ့ မြှင့်တင်ပေးနိုင်စွမ်း မရှိခဲ့ကြောင်းလည်း အိမ်ဖြူတော်က စွပ်စွဲထားပါတယ်။

ပညာရေး ဝန်ကြီးဌာနဟာ အမေရိကန် အနှံ့က ပြည်သူပိုင်ကျောင်း ၁၀၀၀၀၀ လောက်နဲ့ ပုဂ္ဂလိကကျောင်း ၃၄၀၀၀ လောက်ကို ဦးစီး စီမံခန့်ခွဲပေးနေပေမယ့် သက်ဆိုင်ရာ ပြည်သူပိုင် ကျောင်းတွေရဲ့ ရန်ပုံငွေ အထောက်အပံ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ ပြည်နယ်အစိုးရတွေရဲ့ ခွဲတမ်းကနေ ရရှိနေတာ ဖြစ်ပါတယ်။ အမေရိကန် ပညာရေး ဝန်ကြီးဌာနဟာ တက္ကသိုလ် ပညာရေးအတွက် ငွေကြေး မတတ်နိုင်တဲ့ အမေရိကန် ကျောင်းသားတွေကို ထုတ်ချေးမယ့် ပညာရေး အသုံးစရိတ် ဒေါ်လာ ၁.၆ ထရီလီယံ ရန်ပုံငွေကိုလည်း စီမံကွပ်ကဲနေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ကောင်းမွန်ပြီး အပြုသဘောဆန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့က အသီးသီး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် မျှော်လင့်ထားသလို ရက်ပေါင်း ၃၀ အလုံးစုံ အပစ်အခတ် ရပ်စဲရေး အဆင့်ကိုတော့ ပူတင်က...

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။