close
Connect with us

Hi, what are you looking for?

သတင်း

လက်ပန်လှရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ အမျိုးသမီး သုံးဦးသေဆုံး၊ ၆ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတွေဆီကသိရပါတယ်။

မေ/People’s Spring

မန္တလေးတိုင်း၊ စ‌‌ဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်ကောင်စီက ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီး သုံးဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီမြို့နယ်တာဝန်ရှိသူတွေဆီကသိရပါတယ်။

မတ်လ ၁၇ရက် ယနေ့ည ၇နာရီထိုးခါနီးမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လက်ပန်လှရွာနဲ့ မြောက်ဘက်က ပင်လည်ကြီးရွာနားကို ချသွားတာလို့သိရတယ်။အခု ဒဏ်ရာရလူနာတွေကိုသက်ဆိုင်ရာကဆေးကု ပေးနေပါတယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ၁၄ရက်ကလည်း လက်ပန်လှကျေးရွာဈေးထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂၇ဦး သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အခု မတ်လအတွင်း စစ်ကောင်စီက လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး မတ်လပထမပတ်ထဲမှာလည်း အဲဒီရွာကို လူအစုလိုက်၊ အပြုံလိုက်သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့ပါသေးတယ်။

စစ်ကောင်စီက ၂၀၂၅အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ်နေပြီး ရှမ်းမြောက်က နောင်ချိုမြို့နယ်၊စဉ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်အတွင်းမှာ၂ရက်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တွေ အပါအဝင်စုစုပေါင်း ၄၀ကျော် သေဆုံးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးကနေ သပိတ်ကျင်းနဲ့ မိုးကုတ်ဘက်တွေသွားမလား။ ဧရာဝတီမြစ်ကူးပြီး စစ်ကိုင်းတိုင်းနဲ့ မြန်ပြည် အထက်ပိုင်း ကချင်ပြည်နယ်အထိ သွားမလား။ ဘယ်ကိုပဲသွားသွား မိုးကုတ်-မန္တလေးလမ်းအတိုင်း လာခဲ့ရင် စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှဆိုတဲ့ရွာကြီးတရွာကို ဖြတ်ရလိမ့်မယ်။

သတင်း

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်​ကောင်စီတပ်​ဖေ​ဖော်ဝါရီ ၁၈ ရက်​နေ့ မနက် ၁၀ နာရီခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေ ဆုံးပြီး ၊အမျိုးသားတဦးဒဏ်ရာရရှိခဲ့ပါတယ်။

Facebook