close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား အမတ်တစ်ဦး မျက်နှာကို ကြက်ဥနဲ့ ပစ်ပေါက်ခံရ

ရာထူးက ဆိုင်းငံ့ ခံထားရတဲ့ သမ္မတ ယွန်ဆွတ်ခ်ယောကို ဆန့်ကျင်တဲ့ တောင်ကိုရီးယား အမတ်တစ်ဦးဟာ မျက်နှာကို ကြက်ဥနဲ့ ပေါက်ခံခဲ့ရတဲ့နောက် လုံခြုံရေး အစီအမံတွေ မြှင့်တင်ပေးဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ရဲတပ်ဖွဲ့ကို တောင်းဆိုလာပါတယ်။

Yonhap

ရာထူးက ဆိုင်းငံ့ ခံထားရတဲ့ သမ္မတ ယွန်ဆွတ်ခ်ယောကို ဆန့်ကျင်တဲ့ တောင်ကိုရီးယား အမတ်တစ်ဦးဟာ မျက်နှာကို ကြက်ဥနဲ့ ပေါက်ခံခဲ့ရတဲ့နောက် လုံခြုံရေး အစီအမံတွေ မြှင့်တင်ပေးဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ရဲတပ်ဖွဲ့ကို တောင်းဆိုလာပါတယ်။

တောင်ကိုရီးယား အတိုက်အခံ ဒီမိုကရက်တစ် ပါတီရဲ့ အမျိုးသမီး အမတ် တစ်ဦးဖြစ်သူ ဘဲ့ဟီရွန်ဟာ တရားရုံး တစ်ခုရှေ့မှာ သတင်းထောက်တွေနဲ့ စကားပြောနေတုန်း မျက်နှာကို ကြက်ဥ အစိမ်းနဲ့ ပစ်ပေါက်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ဘဲ့ဟာ ငှက်ပျောသီးတွေနဲ့လည်း ပစ်ပေါက်တာ ခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

သမ္မတ ယွန်ရဲ့ အနာဂတ်ကို တောင်ကိုရီးယား အခြေခံ ဥပဒေ ခုံရုံးက စီရင်ဆုံးဖြတ်ဖို့ နီးကပ်လာတာနဲ့အမျှ တောင်ကိုရီးယား ရဲတပ်ဖွဲ့အတွက် လုံခြုံရေး အစီအမံတွေ ရေးဆွဲဖို့ ခေါင်းခဲစရာတွေ ကြုံလာပါတယ်။ ခုံရုံး ဆုံးဖြတ်ချက်က ဘယ်ဖက်ကိုပဲ ဦးတည်ပါစေ၊ မကျေမနပ် အုံကြွမှုတွေ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မြင့်မားမား ရှိနေတာကြောင့်ပါ။

ယွန်ဟာ ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက နာရီပိုင်းသာ သက်တမ်းခံတဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့တဲ့အတွက် လွှတ်တော်ရဲ့ စွပ်စွဲ ပြစ်တင်မှုကို ခံရပြီး သမ္မတ တာဝန်တွေကနေ ဆိုင်းငံ့ ခံထားရပါတယ်။ သူဟာ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီး အဖမ်းပါ ခံခဲ့ရပေမယ့် အခုတော့ လွတ်မြောက်လာပါပြီ။

Public Service Announcement

Public Service Announcement

ခုံရုံးဟာ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ အဆုံးအဖြတ် ပေးရမှာဖြစ်ပြီး တကယ်လို့ အပြစ်ရှိတယ်ဆိုရင် ယွန်ဟာ သမ္မတ အဖြစ်ကနေ ဖယ်ရှား ခံရမှာပါ။ လေ့လာသူတွေက ခုံရုံးအနေနဲ့ မတ်လလယ်လောက်မှာ စီရင်ချက်တစ်ခု ချမှတ်နိုင်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ အဆုံးအဖြတ်ပေးမယ့် နေ့ကို ခုံရုံးက မကြေညာနိုင်သေးဘဲ မျှော်လင့်ထားတာထက် ကြန့်ကြာနေပါတယ်။

တစ်ဖက်မှာလည်း ယွန်ကို ထောက်ခံသူတွေနဲ့ သူ့ကိုဖြုတ်ချဖို့ ကြိုးစားနေတဲ့ အတိုက်အခံတွေကြားက တင်းမာမှုတွေကလည်း မြင့်တက်လာပါတယ်။ အမတ်ဘဲ့ကို ကြက်ဥနဲ့ ပေါက်ခဲ့တဲ့သူ ဘယ်သူ ဘယ်ဝါဆိုတာ ရဲတွေက တိတိကျကျ ထုတ်မပြောပေမယ့် အာဏာပိုင်တွေကတော့ သမ္မတယွန်ကို ထောက်ခံတဲ့ အင်အားစုတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဘဲ့နဲ့ သတင်းထောက်တွေ စကားပြောနေတုန်းက အဲဒီတဝိုက်မှာ ယွန်ကို ထောက်ခံသူတွေကလည်း လူစုပြီး ဆန္ဒပြနေခဲ့ပါတယ်။

ဘဲ့က သူ့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တဲ့ လက်ယာ အစွန်းရောက်တွေကို သည်းခံနေမှာ မဟုတ်ဘဲ ဥပဒေကြောင်းအရ တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

ရဲတပ်ဖွဲ့ကတော့ သမ္မတရဲ့ ရာထူးအနာဂတ်အတွက် ခုံရုံးက အဆုံးအဖြတ်ပေးမယ့် နေ့ကျရင် ရဲအင်အားကို အမြင့်ဆုံးအဆင့် ဖြန့်ကျက်ပြီး ဆိုးလ်မြို့တော်မှာ လုံခြုံရေး တိုးမြှင့်ထားမယ်လို့ ကတိပြုထားပါတယ်။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ယွန်ကို ထောက်ခံသူတွေကဖြစ်စေ၊ အတိုက်အခံတွေဖက်ကဖြစ်စေ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်တာကြောင့်လည်း ရဲတွေက လုံခြုံရေးအတွက် ကြိုတင် တွေးတော ပြင်ဆင်နေရတာ ဖြစ်ပါတယ်။

ကိုးကား: Korea Times

ဆက်စပ်သတင်းများ

Facebook