close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်သုံ့ပန်း ရာနဲ့ချီ လဲလှယ်

ရာနဲ့ချီ များပြားတဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ရုရှားနဲ့ ယူကရိန်းတို့က အသီးသီး အတည်ပြု ကြေညာခဲ့ပါတယ်။

ရာနဲ့ချီ များပြားတဲ့ စစ်သုံ့ပန်းတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြတယ်လို့ ရုရှားနဲ့ ယူကရိန်းတို့က အသီးသီး အတည်ပြု ကြေညာခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နောက်တစ်နေ့မှာ အဲဒီ သုံ့ပန်းလဲလှယ်မှု အစီအစဉ် အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။ စုစုပေါင်း စစ်သုံ့ပန်း ၃၇၂ ဦးကို နှစ်ဖက်ကြား လဲလှယ်ခဲ့တယ်လို့ ရုရှားနဲ့ ယူကရိန်း အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ပူတင်က ရုရှားနဲ့ ယူကရိန်းဟာ တစ်ဖက်ကို သုံ့ပန်း ၁၇၅ ဦးစီ လဲလှယ်မှာ ဖြစ်သလို ဒဏ်ရာ အပြင်းအထန် ရထားတဲ့ ယူကရိန်းစစ်သား ၂၃ ယောက်ကိုလည်း ပြန်လွှဲပြောင်းပေးမယ်လို့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံရဲ့ မြောက်ပိုင်း နယ်စပ် တစ်နေရာမှာ သုံ့ပန်းလဲကြတဲ့အခါ ဒဏ်ရာရ ယူကရိန်းစစ်သား ၂၂ ဦးကို ပြန်ပို့ခဲ့တယ်လို့ပဲ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဘာကြောင့် တစ်ယောက် လျော့သွားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း သုံ့ပန်းလဲလှယ်မှု ဖြစ်မြောက်ခဲ့တာကို အတည်ပြုခဲ့ပြီး ယူကရိန်း အလံကို ခြုံထားတဲ့ စစ်သားတွေ၊ တချို့ကလည်း ချိုင်းထောက်တွေနဲ့ လမ်းလျှောက်ရင်း ပြန်လာကြပုံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြန်လွတ်လာသူတွေဟာ စစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ဒေသအလိုက် ကာကွယ်ရေး တပ်တွေထဲက အစုံအလင် ရောနှော ပါဝင်နေကြောင်း၊ အခု သုံ့ပန်းလဲလှယ်မှုဟာ စစ်ကာလတလျှောက် အရေအတွက် အများဆုံး လဲလှယ်နိုင်မှုတစ်ခု ဖြစ်လာကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။ ယူကရိန်းဟာ ပြန်လည် ရောက်ရှိလာတဲ့ စစ်မှုထမ်းတွေကို ချာနီဟစ်ဗ် ဒေသမှာရှိတဲ့ ဆေးရုံတွေဆီ အမြန်ဆုံး ပို့ဆောင်ပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူစေခဲ့ပါတယ်။

၃ နှစ်ကျော် ကြာလာတဲ့ စစ်ပွဲတလျှောက် သုံ့ပန်းလဲလှယ်မှုတွေနဲ့ အိမ်ပြန်နိုင်ခဲ့တဲ့ ယူကရိန်းစစ်သား အရေအတွက်ဟာ အခုဆိုရင် ၄၃၀၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။

ရုရှား အစိုးရက အခုလို သုံ့ပန်းလဲလှယ်မှု အထမြောက်ခဲ့တာဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ဖြစ်တယ်လို့ အသိအမှတ် ပြုခဲ့ပါတယ်။ ယူအေအီးဟာ ရုရှားနဲ့ ယူကရိန်းကြား သုံ့ပန်း လဲလှယ်မှုတွေကို ၂၀၂၂ ကစပြီး ကြားဝင် ကူညီ ညှိနှိုင်းပေးနေခဲ့တာပါ။

ထရမ့်ဟာ ပူတင်နဲ့ ဖုန်းပြောခဲ့ချိန်မှာ ယူကရိန်းနဲ့ ရုရှားကြား ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်း ကမ်းလှမ်းခဲ့ပေမယ့် ပူတင်က ပယ်ချခဲ့ပြီး နှစ်ဖက်ကြား စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်သင့်ဘူးဆိုတဲ့ သဘောတူညီချက်ကိုသာ လက်ခံခဲ့ပါတယ်။ ထရမ့်ဟာ အဲဒီနောက်ပိုင်းမှာ ဇီလန်စကီးနဲ့လည်း ဖုန်းပြောခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: Moscow Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီနှင့် ချုပ်ဆိုထားသော စာချုပ်များသည် ရေရှည်တည်တံ့ခိုင်မြဲသော ရင်းနှီးမြှုပ်နှံမှုများအတွက် အကျိုးမရှိကြောင်း ရုရှားအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။

သတင်း

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ထားရှိမည်ဟု ပူးပေါင်းတပ်ဖွဲ့ ​ပြော